Ep - 15

4.2K 571 52
                                    

(Unicode)

တစ်လလောက်ကြာတော့ အားယွမ်နဲ့ရိပေါ်ရင်းနှီးလာပြီ။ အားယွမ်က ရိပေါ်ကို အိုနီးချန် (အစ်ကို ) လို့ခေါ်တတ်တယ်။

တစ်လနီးလောက်ရှောင်းကျန့်ကို မတွေ့ရတော့ ရိပေါ်လည်းအတော်စိတ်ချမ်းသာလို့ ။ ပြောသံကြားတာတော့ ရှောင်းကျန့်က ဇာတ်ကားရိုက်ဖို့အတွက် နယ်တစ်နယ်ကို ခရီးထွက်နေရတယ်ဆိုပဲ။

သုံးလနေလို့မှ တကယ်လို့ဒီမှာအလုပ်ဆက်လုပ်ချင်စိတ်မရှိတော့ရင် အလုပ်ထွက်ဖို့စဥ်းစားထားတယ်။

အားယွမ်ရဲ့အမေက အားယွမ်ကို ရိပေါ်ဆီစိတ်ချလက်ချအပ်ထားတယ်။ ရိပေါ်ဆုံးမတဲ့အချိန် အားယွမ်က နားထောင်ပေမယ့် တစ်ခါတလေ ညစ်တတ်တယ်။ မထင်ထားတဲ့အချိန်မှာ အားယွမ်က ရိပေါ်ကို တစ်ချက်တစ်ချက် ပညာပြပြီး အနိုင်ကျင့်တာမျိုး။

သူများသားသမီးထိန်းရတာ အဆင်ပြေမနေဘူး။

အားယွမ်လုပ်လို့ ရိပေါ်ဟိုတစ်ခေါက်ကဆို ချော်လဲပြီးဒူးခေါင်းပွန်းသွားတဲ့အထိဖြစ်ဖူးတယ်။ ခြေထောက်မကျိုးတာကံကောင်းတယ်ပြောရမယ်။

အားယွမ်နဲ့ စိန်ပြေးလိုက်တမ်းကစားနေတုန်း အားယွမ်က ရိပေါ်ပြေးလာတဲ့လမ်းမှာ ဖန်ဂေါ်လီလုံးတွေကြဲထားခဲ့တာကြောင့် ရိပေါ်က အဲ့ဒီဖန်ဂေါ်လီလုံးတွေကို တက်နင်းမိတော့ ချော်လဲပြီး ဒူပွန်းသွားတာ။

ကြမ်းပြင်ချောချောပေါ် ဒူးထောက်လိုက်တဲ့အချိန် နာလိုက်တာများ မျက်ရည်တွေတောင်ဝဲတက်သွားတယ်။

မထနိုင်လို့ ချော်လဲတဲ့နေရာမှာ ဖင်ထိုင်ချပြီး ပွန်းသွားတဲ့ဒူးက စပ်နေလို့ လေနဲ့ တဖူးဖူးမှုတ်နေချိန် အားယွမ်က ဘေးနားလာထိုင်ပြီး တောင်းပန်စကားတော့ ပြောသေးတယ်။

" သားက သက်သက်လုပ်လိုက်ပေမယ့် အိုနီးချန်ထိခိုက်သွားမယ်လို့မထင်မိဘူး။ တောင်းပန်ပါတယ်နော် "

ခုနကစိတ်တိုတိုနဲ့ ဆဲမလို့လုပ်ထားတာလေးတောင် ပျောက်သွားသလိုပဲ။ ဒီလိုလေးလာတောင်းပန်တော့ကျ စိတ်ဆိုးရအခက် စိတ်ပြေရအခက်။

သက်သက်မဲ့လုပ်တယ်လည်းဆိုသေးတဲ့ ကလေးက ခေါင်းပိတ်ခေါက်ချင်စရာလေး။

The Brightest Star (Zhanyi)Место, где живут истории. Откройте их для себя