Ep - 30

5K 526 33
                                    

(Unicode)

ဘဝမှာ ပထမဆုံးရည်းစားစထားဖူးတဲ့အပြင် ရည်းစားကလည်း လျှမ်းလျှမ်းတောက်မင်းသားဆိုတော့ ရိပေါ်အတွက်က ထင်သလောက်မလွယ်ကူ။ ဒါ့ပြင် မိမိတို့မှာ ယောကျာ်းလေးနှစ်ယောက်ဖြစ်နေတာကြောင့် သာမန်ချစ်သူရည်းစားတွေထက် ပိုပြီးခက်ခဲတာတော့ အမှန်။

ရည်းစားဖြစ်ပြီးကတည်းက ရှောင်းကျန့်မှာလည်း ရိုက်ကူးရေးဆက်တိုက်ဖြစ်နေတာကြောင့် အမြဲလိုလိုအားတယ်ကိုမရှိ။ တစ်ခါတလေဆိုရင် ညဘက်ရိုက်ကူးရေးတွေရှိတာကြောင့် တစ်နေ့လုံးမတွေ့ရတာမျိုးလည်းရှိသေး။ မတွဲခင်တုန်းကတောင်မှ မမြင်ချင်လောက်အောင်ကိုတွေ့ရသေးတယ်။ တွဲပြီးမှ တစ်နေကုန်လို့တစ်ခါ မျက်နှာကိုမတွေ့ရ။

ရှောင်းကျန့်က လာနောက်နေတာလား ?

စတွဲတဲ့နေ့ကတည်းက ရှောင်းကျန့်က သူ့ကို Satou sean လို့မခေါ်စေပဲ ရှောင်းကျန့်ဒါမှမဟုတ် ကောလို့သာခေါ်စေခဲ့တယ်။

ဒါပေမယ့် ကောဆိုတာကြီးက ရိပေါ်အတွက်က ပါးစပ်ယားသလိုဖြစ်လို့ ရှောင်းကျန့်လို့ပဲခေါ်ဖြစ်နေတယ်။

ရှောင်းကျန့်က တကယ်တမ်းတရုတ်နာမည်ကြီးပေမယ့် ဘာကြောင့်ခေါ်ခိုင်းလဲဆိုတာကိုတော့ မပြောပြဘူး

ရှင်းရှင်းပြောရရင် ရှောင်းကျန့်က သူ့အကြောင်းတွေကို ရိပေါ်ကိုမပြောပြတော့ဘူး။ ရိပေါ်လည်းအောက်ကျခံပြီးမေးမနေဘူး။ အချိန်တန်ရင်ပြတ်မှာပဲကို ဒီလူနဲ့တစ်သက်လုံးနေသွားမှာမှမဟုတ်တာ။ ခုက အပျော်သဘောတွဲကြည့်တာ အစမ်းပေါ့။

ပြီးတော့ နှစ်ယောက်သားအဆက်အသွယ်လုပ်တာလည်း ဂျပန်စကားနဲ့ပဲဖြစ်တယ်။

စာမေးပွဲကနီးပြီမို့ Yamamoto အိမ်တော်ကနေ ခွင့်ယူထားတာကတစ်ပတ်ရှိပြီ။ခုက Yamamoto စံအိမ်မှာပြောင်းနေတာဆိုပေမယ့် မြို့ထဲမှာလည်း အခန်းလေးတစ်ခန်းလောက်ငှားထားသေးတယ်။ တစ်ခါတစ်လေ စိတ်ပင်ပန်းရင်သွားနေရအောင်လို့။ တစ်ယောက်တည်းဆိုတော့ ပိုအေးဆေးတယ်လေ။ အားယွမ်လေးလည်းကျိန်းသေပေါက်လွမ်းနေလောက်ရောပေါ့။

အိပ်ယာထဲမှာလှဲလို့ မျက်နှာကြက်ကိုပဲကြည့်ရင်း ရောက်တတ်ရာရာ တွေးတောနေတုန်းဖုန်းဝင်လာလို့ကြည့်လိုက်တော့ ဖုန်း contact က ရှောင်းကျန့်ဖြစ်နေတယ်။

The Brightest Star (Zhanyi)Où les histoires vivent. Découvrez maintenant