Ep - 5

4.7K 573 20
                                    

(Unicode)

မိမိအပေါ်ချေသွားတဲ့ ဟိုနေ့က ခေါင်မိုးထပ်ကကောင်လေးကို ရှောင်းကျန့်တကယ်ပဲအခဲမကြေ။

ကြိတ်မနိုင်ခဲမရနဲ့ စိတ်ကလည်းကျဥ်းကျပ်နေသေး။ ဘာမဟုတ်တဲ့ကောင်လေးတစ်ယောက်က သူလိုလူကို အဖက်မလုပ်ပဲထွက်သွားတာကြောင့် ဒီရက်ပိုင်း ထမင်းတောင်စားမဝင်ချင်ဘူး။

အပိုတွေမဟုတ်ပဲ တကယ်အဲ့လောက်ထိကိုပဲခံစားရပါတယ်။

ပရိတ်သတ်ထင်လို့ သွားပြီးစကားစခဲ့ရာမှ အရှက်ကွဲသွားတဲ့အဖြစ်။ ခေါင်မိုးထပ်မို့ ဘယ်သူမှမရှိလို့တော်သေး။ မဟုတ်ရင် တမိုးအောက်က ရှောင်းကျန့် အချေခံလိုက်ရမှုဆိုပြီး sns ပေါ်မှာရက်တော်တော်ကြာ trending ဖြစ်နေဦးမယ်။

Satou sean ဆိုတာ ကိုယ်ကသာချေချင်ချေမယ်။ ခုလိုအချေခံလိုက်ရတော့ နေမထိထိုင်မသာ။

စည်းထားတဲ့နက်ကတိုင်ကလည်း ခါတိုင်းထက်ပိုကြပ်နေသလိုမို့ မကျေမနပ်နဲ့ဆွဲချွတ်မိတော့ လည်ပင်းမှာဝတ်ထားတဲ့ဆွဲကြိုးအပါးလေးနဲ့ညိသွားပြီးသွေးကထွက်သွားသေး။

" အာ့ နာလိုက်တာ ကျွတ်ကျွတ် "

ဟိုငနဲလေးနဲ့တွေ့ပြီးနောက်ပိုင်း ကံကကောင်းကိုမကောင်းချင်တော့။ သူ့ကို တစ်ခုခုပြန်လုပ်ရမှ ရင်ထဲကအစိုင်အခဲကြီး ကျေသွားမယ်တောင်ထင်ရတဲ့အထိ။

ငနဲကောင်လေးကိုပြန်ချေရအောင်လည်း အဲ့ကောင်လေးက ဘာကောင်ကြီးမှမဟုတ်သလို ဘယ်သူမှန်းလည်းတောင်မသိ။

ကံမကုန်ရင်ပြန်ဆုံကြဦးမှာပါ။ ပြန်မဆုံခင်အထိကတော့ ရှောင်းကျန့်လည်းစိတ်ကြည်မှာမဟုတ်။ ပြန်တွေ့ဖို့တောင် ဆုတောင်းရမယ့်အဖြစ်။

ရိုက်ကွင်းမှာဆိုလည်း ဇာတ်ကွက်တစ်ခုကို  နှစ်ခါထက်ပိုရိုက်စရာမလိုအောင် တိကျပြီး တော်လွန်းတဲ့ ရှောင်းကျန့်က မနက်ကဆို ထပ်ခါထပ်ခါရိုက်ရတဲ့အထိ အလွဲလွဲတွေဖြစ်ခဲ့တယ်။

စိတ်မပါလက်မပါနဲ့ ပေါက်ကရတွေပဲလျှောက်လုပ်နေမိလို့ ရိုက်ကွင်းလူတွေအကုန် အံ့သြယူရတဲ့အထိပဲ။

ရှုတင်ဆက်ဖို့ရာလည်း စိတ်မပါတော့တာမို့ တစ်ခါတည်းအိမ်ကိုသာတန်းပြန်လာခဲ့တာ။

The Brightest Star (Zhanyi)Tempat cerita menjadi hidup. Temukan sekarang