Ep36💞

1.7K 75 6
                                    

#unicode

"ကလေး ဒါကဘယ်လိုဖြစ်တာလဲ သူရကဘယ်လိုလုပ် ကိုယ့်အိမ်ရောက်နေရတာလဲ"

"ဦး ကျွန်တော်ပြောပြတာနားထောင်ပေး သူရကိုညက ကျွန်တော်သွားခေါ်ထားပေးတာ"

ကျွန်တော်ပြောလိုက်တော့ ဦးကမျက်မှောင်ကြုတ်တယ်

"ဘာလို့ကိုယ့်ကိုမပြောရတာလဲ"

"ဦးကအလုပ်တွေပင်ပန်းနေပြီလေ အဲ့ဒါကြောင့် ဦးကိုမနှိုးချင်လို့ ကျွန်တော်ကိုယ့်ဟာကိုယ်ပဲ သွားလိုက်တာ ပြီးတော့သူရကလဲတအားမူးနေတာလေ သွားမခေါ်လို့လဲမဖြစ်ဘူး အဲ့ဒါကြောင့် ဦးကိုလဲမပင်ပန်းစေချင်လို့ တစ်ယောက်ထဲသွားလိုက်ရတာပါ ဦးရာ စိတ်မဆိုးနဲ့နော်"

ကျွန်တော်အနည်းငယ်ချွဲလိုက်တာနဲ့ ဦးရဲ့မျက်နှာကပြုံးယောင်သန်းလာတာပဲ.....

နှုတ်ခမ်းလေးတစ်ဖက် ကွေးတက်သွားတဲ့ ဦးကခေါင်းလေးငြိမ့်ပြလာတယ်

"ကိုယ်စိတ်မဆိုးပါဘူး ကိုယ်ကစိတ်ပူတာ ညဘက်ကြီးကိုတစ်ယောက်တည်း ထွက်သွားတော့ ကိုယ်စိတ်ပူတာပေါ့လို့"

ကျွန်တော်မသိမသာပြုံးမိတယ် ဦးကလေ ကျွန်တော့အပေါ်အရမ်းဂရုစိုက်ပြီး အရမ်းလဲသဝန်တိုတတ်တာ အဲ့လိုဦးကကျွန်တော့ကိုအရမ်းချစ်ပေးလို့လဲ ကျွန်တော်လဲ ဦးကိုပြန်ချစ်လာတာနေမှာ

"အဟွတ် အဟွတ်"

သူရရဲ့ချောင်းဆိုးသံကြောင့် ကုတင်ပေါ်လှည့်ကြည့်လိုက်ကြသည်

"သူရ မင်းနိုးပြီလား"

"အား မူးလိုက်တာကွာ"

ကျွန်တော်နဲ့ဝေယံလဲ သူရနားအမြန်ပြေးသွားလိုက်ပြီး သူအမူးပြေအောင် လုပ်ပေးနေလိုက်တယ်

ဦးနဲ့ အကိုဖြိုးမြတ်ကတော့ကုတင်အစွန်းနားမှာပဲရပ်နေတယ်လေ

"ဘာလို့အဲ့လောက်ထိသောက်လာရတာလဲ"

ဦးရဲ့အေးစက်စက်မေးသံကြောင့် သူရမျက်တောင်ပုတ်ခပ်ပုတ်ခပ်ဖြင့် ချောင်းဆိုးတာပင် ရပ်သွားသည်

"ဟို ဦးလေးချမ်းမြေ့ ကျွန်တော်တောင်းပန်ပါတယ် ညကကျွန်တော်စိတ်ညစ်လို့ အများကြီးသောက်လိုက်မိတာ"

Chit ya thu 💞Oø💞 (Complete)Where stories live. Discover now