Ep6💞

2.7K 126 1
                                    

#unicode

"ကျွန်တော့ကို ဘာလို့ ခင်များအိမ်ခေါ်လာတာလဲ"

သျှားမာန် ၏အမေးကို ဦးချမ်းမြေ့ အေးစက်စွာဖြင့်ပြန်ပြောလိုက်သည်

"အရင်ထိုင်ဦး"

မီးဖိုချောင်ထဲမှ ဝေယံ ဧည့်ခန်းထဲမှ အသံကြား၍ ထွက်လာချိန် သျှားမာန်ကိုလဲ မြင်ရော အပြေး အော်ကာ ထွက်လာသည်

"သျှားမာန်....."

သျှားမာန် ထကာ လှည့်ကြည့်တော့ ဝေယံပြေးဖတ်တာကြောင့် ယိုင်ပင်လဲမတတ်

"ဟျောင့် ဝေယံ အခုမှ တွေ့ဖူးတာလဲ မဟုတ်ဘူး ဘယ်လိုဖြစ်နေတာလဲ"

"ငါပျင်းနေတာ ပျင်းလွန်းလို့သေတော့မယ် မင်းကိုမြင်တော့ ပျော်တာပေါ့လို့ အရေးထဲ ဟိုလူကြီး လေးလေးနောက်ပဲ လိုက်နေတာ အိမ်မှာကို မရှိဘူး သူမရှိတော့ ငါ့မှာ ပျင်းလွန်းလို့သေတော့မယ်"

ဝေယံ ဧည့်ခန်းထဲမှာ သူ့ဦးလေးရှိသည်ကိုပင် သတိမထားမိ ပြောချင်ရာ ပြောနေလေသည်

"အရင်လွှတ်ပြီးမှ ပြောပါကွာ"

သျှားမာန် ပြောမှ ဝေယံ လွှတ်ပေးလိုက်သည်

"ကိုယ့် ဦးလေးတစ်ယောက်လုံးရှိတာတောင် မင်းအိန္ဒြေမရဘူးလား"

ဦးချမ်းမြေ့ အေးစက်စွာဖြင့်မေးလာသည်

ဦးလေးအသံကြားမှ ဝေယံ ခုဏက ပုံစံနှင့် လုံးဝပင် ကွဲသွားသည် ချက်ချင်းပင် ငြိမ်ကြသွားသည်

"ဟီး....လေးလေးပါ ရောက်နေတာလား"

"ငါတစ်ယောက်လုံးထိုင်နေတာတောင် မင်းက မမြင်နိုင်ရအောင် ဘာဖြစ်နေလို့လဲ"

ဝေယံ ချက်ချင်းပင် သူ့ ဦးလေးနားကပ်ကာ

"လေးလေးကလဲ သားက သျှားမာန်ကိုအရင်မြင်လိုက်လို့ပါ အပျော်လွန်ပြီး လေးလေးကို မမြင်တော့တာ"

"မင်းငါ့နောက်ကွယ်မှာ ဒီလိုပဲ အိန္ဒြေမရိှနေနေတာလား"

ဦးချမ်းမြေ့ရဲ့ အမေးကို သျှားမာန် ထ၍ ပြောလာသည်

"ဒါက အိန္ဒြေမရှိတာ မှ မဟုတ်တာ  သူငယ်ချင်းကို တွေ့လို့ ပျော်တာတောင် လိုက်ပြောနေရလား"

Chit ya thu 💞Oø💞 (Complete)Where stories live. Discover now