Ep42💞

1.5K 59 0
                                    

#unicode

"ကလေး ဘာလို့ကျောင်းမသွားတာလဲ"

"ကျွန်တော်မသွားချင်လို့ပါ"

ခပ်ရေးရေးသာပြုံးပြရင်းပြောလာတဲ့ကလေး

"ဘာလို့အိမ်မှာနေမှာလဲ ကိုယ့်အမရှိနေတာ ကလေးနေရတာ အဆင်ပြေပါ့မလား"

"ကျွန်တော်အိမ်မှာနေမယ်ပြောလို့လား"

"ဟင် ဒါဆိုကလေးကဘယ်သွားမလို့လဲ"

"ကျွန်တော်အလုပ်လုပ်မလို့"

လာပြန်ပြီဗျာ အလုပ်လုပ်အုန်းမယ်တဲ့

"ဘာလို့လဲ ကလေး ကလေးလိုအပ်တာရှိလို့လား ရှိရင်လဲကိုယ့်ကိုပြောလေကွာ ကိုယ်ဝယ်ပေးမှာပေါ့"

သျှားမာန်ကရုတ်တရက်ထရယ်လိုက်တာကြောင့် ဦးချမ်းမြေ့ကြောင်အမ်းသွားရသည်

"ဦးဝယ်ပေးမယ်ဆိုတာသိပြီးသားပါ ဒါပေမယ့်ကျွန်တော်မလိုချင်တော့ဘူး"

ချက်ချင်းသျှားမာန်မျက်နှာထားက တည်သွားကာ အလွန်လေးနက်သွားသည်

လေးနက်မှုအပြည့်ဖြင့် သျှားမာန်ဦးချမ်းမြေ့ကိုကြည့်ကာ

"ကျွန်တော်မသိမ်ငယ်ချင်ဘူးဦး ဒါပေမယ့်ကျွန်တော်အရမ်းသိမ်ငယ်ရတယ် ဦးအိမ်ကိုပြန်ရောက်လာကတည်းက ကျွန်တော်အလုပ်မလုပ်ဘဲ ပုံမှန်ပဲနေခဲ့တယ် သာသာယာယာပဲ ဦးအပေါ်ကိုမှီခိုခဲ့တယ် လူတစ်ယောက်အပေါ်ကိုမှီခိုနေရပေမယ့် ဦးနဲ့နေရတဲ့အတောအတွင်း ကျွန်တော့ကိုယ်ကျွန်တော် သိမ်ငယ်စရာကောင်းတယ်လို့ မခံစားရဖူးဘူး ဘာလို့ဆို ဦးကိုကျွန်တော်ပိုင်တယ်လို့ ခံစားရလို့ ဟားဟား တွေ့လား ဦးရဲ့ကောင်လေးကအဲ့လိုပိုင်စိုးပိုင်နက်လေး"

နောက်ဆုံးကျမှ ရယ်ကာ ရွှတ်နောက်နောက်နဲ့စလာသေးတဲ့ သျှားမာန်ကို ဦးချမ်းမြေ့ကြည့်ရင်း ပြုံးလိုက်သည်

သျှားမာန်ကပြုံးရင်းဆက်ပြောလာသည်

"ဒါပေမယ့် အခုကမတူတော့ဘူးလေ ဦးရဲ့အမရောက်လာပြီ ကျွန်တော်လေ သူများကိုဘယ်တော့မှအောက်မက‌ျို့ချင်လို့ အရင်တည်းကကိုယ်တိုင်အလုပ်လုပ်ပြီးကျောင်းတက်ခဲ့တာ အဲ့ဒါကြောင့် ဦးနဲ့စတွေ့တုန်းက ဦးကအိမ်မှာလာနေဆိုတာတောင် လစာပေးပြီး နေမယ်လို့ပြောခဲ့တာပေါ့ ဒါပေမယ့် ကျွန်တော်ထိန်းသိမ်းခဲ့တဲ့သိက္ခာတိုင်းက ဦးအမနဲ့တွေ့တဲ့အချိန်မှာ ဟိုးအောက်ဆုံးထိကိုကျသွားခဲ့ရတယ် ငွေမက်တဲ့ကောင်လို့ အထင်ခံရတယ် ခြူစားတဲ့ကောင်လို့လဲ အထင်ခံရတယ် ဘယ်သူကမှနှိမ့်ချတာကိုမခံရဖူးတဲ့ကျွန်တော်က ဦးအမနဲ့တွေ့မှ အမျိုးမျိုးအနှိမ်ခံရတယ်"

Chit ya thu 💞Oø💞 (Complete)Where stories live. Discover now