Ep2💞

3.4K 172 1
                                    

#unicode

"သျှားမာန် ငါ့ဦးလေးက မင်းအတွက် အလုပ် စီစဉ်ပေးမယ်တဲ့"

"ဟုတ်လား ကျေးဇူးပါကွာ ငါကအလုပ်မရတော့ဘူး ထင်တာ"

"ငါ့ဦးလေးက အဲ့လိုမဟုတ်ပါဘူးကွ သူက ရုပ်ကသာတည်တာ လူတိုင်းကိုတော့ ကူညီပါတယ်ကွ"

"အေးပါကွာ ကျေးဇူးပဲ ဒါနဲ့ သူရမနေ့ကကော ဒီနေ့ကော ကျောင်းမလာဘူး ဘာဖြစ်လို့လဲမသိဘူး ဖုန်းဆက်တာလဲမကိုင်ဘူး"

"ငါဖုန်းဆက်တာလဲ မကိုင်ဘူး"

"ဘာဖြစ်နေတာလဲ မသိဘူး အဲ့ကောင်"

"ဘာမှတော့ မဖြစ်လောက်ပါဘူး သူကိစ္စတစ်ခုခု ရှိလို့နေမှာ ထားလိုက်ပါကွာ မနက်ဖြန်လောက်တော့လာမှာပါ"

"အင်းပါ"

"ဒါနဲ့ မင်းညနေ အလုပ်ရှိလား"

"မရှိဘူး မင်းဦးလေးပေးတဲ့ အလုပ်ရမှ ငါအလုပ်ရှိမှာ ဘာဖြစ်လို့လဲ"

"ဟိုညကျရင် ငါသွားနေကျ ဘားကိုလိုက်ခဲ့ပါကွာ ငါတစ်ယောက်ထဲမို့"

"မလိုက်ဘူး မင်းဟာမင်းသွား"

"မင်းကလဲကွာ လိုက်ခဲ့ပါ အရင်ကလဲ တစ်ခါတစ်လေ မင်းလိုက်တာပဲလေ"

"ငါမလိုက်ချင်ဘူးကွ ငါကလိုက်ပြ္း ငါက ဘာမှမလုပ်ပဲ မင်းကိုပဲ ထိုင်ကြည့်နေရမှာ ငါကိုယ်တိုင်ကလဲ မသောက်တတ် မင်းက မူးရင် ပြဿနာရှာမှာနဲ့ အဆင်မပြေဘူးကွာ မလိုက်ဘူး"

"မင်းကလဲကွာ သူငယ်ချင်းကလဲ လိုက်ခဲ့ပါ နော် ငါတစ်ယောက်ထဲလေကွာ မင်းမလိုက်လို့ ငါလူတွေဘာတွေ ရိုက်သတ်မိရင် ဘယ်လိုလုပ်မလဲ"

"မင်း မင်းကိုကြီးကိုခေါ်သွားပါလား"

"သူလား ခေါ်ရင်လိုက်ဖို့နေနေသာသာ ငါတောင်သွားရမဲ့ကိန်းမပေါ်ဘူးကွ သူ့ကိုပြောလို့ကတော့ ငါ့ဦးလေးကို အရင်ပြောမဲ့လူကြီးသူက"

"မင်းက ဆင်ခြေတော်တော်ပေါတဲ့ကောင် သိလား"

"လုပ်ပါကွာ လိုက်ခဲ့ပါနော် သျှားမာန်ရာ သယ်ရင်း လိုက်ခဲ့ပါနော်"

"အေးကွာ လိုက်မယ် လိုက်မယ် ဟုတ်ပီလား"

နောက်ဆုံး သျှားမာန်လဲ ဝေယံနောက်ကိုသာ လိုက်သွားရန် ဆုံးဖြတ်လိုက်ရတော့သည်

Chit ya thu 💞Oø💞 (Complete)Where stories live. Discover now