#unicode
"သျှာမာန် မြန်မြန် သွားရမဲ့အချိန်ကနီးနေပြီ လေးလေးကိုမြန်မြန်သွားပြော"
"အေးပါကွာ မင်းကလဲ ခနလောက်နေပါအုန်း ငါလဲ ဘယ်လိုစပြောရမလဲ စဉ်းစားရသေးတယ်ကွ"
"မြန်မြန်စဉ်းစားပြီး မြန်မြန်သွားပြောပါကွာ"
"အေး ငါသွားပြောပေးမယ် ခနလေးစောင့်နေ"
သျှားမာန်တစ်ယောက် စိတ်လျှော့ကာ ဝေယံ့အခန်းထဲမှ ထွက်လာပြီး ဦးချမ်းမြေ့အခန်းထဲသို့ဝင်လာခဲ့လိုက်တယ်
"တံခါးက ဘာလို့ lock မချထားတာလဲ"
အလုပ်ထိုင်လုပ်နေတဲ့ဦးချမ်းမြေ့ သျှားမာန် အသံကြားတော့မော့ကြည့်လာတယ် နှုတ်ခမ်းထက် အပြုံးလေးတစ်ပွင့်ဖန်ဆင်းပြီး
"ကိုယ့်ဆီလာတာလား"
"ဟုတ်တယ်"
"လာ ဒီမှာလာထိုင်"
ဘေးနားကို လက်ဖြင့် ပုတ်ပြရင်းပြောလိုက်တော့ အနားကိုလျှောက်လာပြီး ဘေးနားမှာ ဝင်ထိုင်လာတယ်
"ကဲ ပြောပါအုန်း ဘာပြောစရာရှိလို့လဲ"
"ဟို ဟို"
"ပြောလေ"
"စာမေးပွဲပြီးတော့ သူငယ်ချင်းတွေ အပြင်သွားချင်တာ အဲ့ဒါ ဒီည သွားသောက်ကြဖို့ အဲ့ဒါ ဝေယံ့ကိုခွင့်ပြုပေးဖို့..."
"အဲ့ဒါလာပြောတာလား"
"ဟုတ် ဟုတ်တယ်"
"ကိုယ်ခွင့်မပြုဘူး အဲ့ကောင်လေးက အရက်သောက်ပြီးရင် အမြဲ ပြဿနာဖြစ်နေတာ အဲ့ဒါကြောင့် အဲ့ကောင်လေးကို ကိုယ်မသောက်ခိုင်းတာ"
"ကျွန်တော်လဲ ပါမှာပဲလေ ဝေယံ့ကိုကျွန်တော်ထိန်းပေးလို့ရပါတယ်"
"ခလေးလဲ သောက်မှာလေ နှစ်ယောက်လုံးမူးကြမယ့်ဟာကို ကိုယ်ကလွှတ်ရမယ်တဲ့လား နှစ်ယောက်လုံးမသွားရဘူး"
"ခင်များ အဲ့ဒါ သက်သက်မဲ့ညစ်တာ"
"မသွားရဘူး အခုကိုယ်က မင်းတို့နှစ်ယောက်လုံးရဲ့ အုပ်ထိန်းသူပဲ အဲ့ဒါကြောင့် ကိုယ်ပြောသလိုပဲ မသွားရဘူး"
YOU ARE READING
Chit ya thu 💞Oø💞 (Complete)
Romancewp မှာ ပထမဆုံးရေးတာပါ အမှားပါရင် ခွင့်လွတ်ကြပါ လိုအပ်တာ ရှိလဲ ပြောကြပါနော်??? #Wai