Ep34💞

1.7K 75 6
                                    

#unicode

"အကို ကျွန်တော်အပြင်သွားချင်တယ် လိုက်ခဲ့ပါနော်"

"ဝေယံ အကိုချမ်းမြေ့ဆူလိမ့်မယ် မနက်ဖြန်မှ ကိုယ်ခွင့်တောင်းပြီးလိုက်ပို့ပေးမယ်နော်"

"မရဘူးဗျာ လိုက်ခဲ့ရမယ် လေးလေးနားမှာ သျှားမာန်ရှိတယ်လေ ကျွန်တော်တို့ကိုသတိထားမိမှာတောင်မဟုတ်ဘူး"

"ဒါပေမယ့်....."

"အကိုကလဲ ကျွန်တော်ကဒါလေးတောင်းဆိုတာကို"

ကျွန်တော်သက်ပြင်းချမိတော့တယ် ရုံးကိုလိုက်လာပြီး အခုအပြင်သွားဖို့အတင်းပြောနေတယ်လေ.....

မနက်ကလဲရုံးကိုမလိုက်ခဲ့ဖို့ပြောတာကို ‌ဝေယံရောသျှားမာန်ရော နှစ်ယောက်လုံးပြောလို့မရဘူး အတင်းလိုက်မယ်လို့ပြောတာနဲ့ အကိုချမ်းမြေ့ခွင့်ပြုလိုက်ရတယ်......

အခုလဲကျွန်တော့အလုပ်ခန်းထဲဝင်ပြီး အပြင်သွားမယ်ပဲပြောနေတယ် အလုပ်ချိန်ကြီးကိုကျွန်တော်ကဘယ်လိုလိုက်ပို့ရမှာလဲ... အကိုချမ်းမြေ့သိရင်လဲဆူအုန်းမယ်

"ဝေယံ့ကို ဝေယံ့လေးလေးဆူမှာမကြောက်ဘူးလား"

"ကြောက်တာပေါ့ ဒါပေမယ့်သျှားမာန်ရှိတယ်လေ သျှားမာန် လေးလေးကိုထိန်းနိုင်ပါတယ် အကိုဖြိုးမြတ် နော်..... လိုက်ပို့ပေးပါ"

နှုတ်ခမ်းတထော်ထော်နဲ့ လည်ပင်းကိုသိုင်းဖက်ကာ မော့ပြောနေတဲ့ကောင်လေးက အသည်းယားစရာ....

ကျွန်တော်သူ့ခါးလေးကိုပြန်ဖက်လိုက်ရင်း မမှီတမှီခြေဖျားလေးထောက်ထားတဲ့သူ့ကိုယ်လေးကို ချီမလိုက်တော့ လန့်ဖြန့်ကာ ကျွန်တော့ခါးထက် ခြေထောက်တို့ကိုချိတ်တွယ်လာတယ်

"အကို ဘာလုပ် အွန့်"

အမြဲထိန်းထားခဲ့ရတဲ့ စိတ်တွေကို လွှတ်ချပေးလိုက်မိသည်ထင်.....

အသည်းယားအောင်လုပ်နေတဲ့သူ့နှုတ်ခမ်းတွေကို ကျွန်တော်ဖိနမ်းလိုက်တော့ မျက်လုံးလေးတွေမှိတ်ပြီး ကျေကျေနပ်နပ်ကိုပြန်နမ်းနေတဲ့ကောင်လေး.... ကျွန်တော်ပြုံးမိရတယ် ဒီလိုချစ်စရာ‌ေကာင်းတဲ့ ကောင်လေးကိုချစ်သူတော်ထားရလို့လေ

Chit ya thu 💞Oø💞 (Complete)Donde viven las historias. Descúbrelo ahora