#unicode
"ဝေယံ မင်းတောင်ထနေပြီ သျှားမာန်ကမထသေးဘူးလား စာမေးပွဲနီးနေပြီလေ"
"ဟုတ်တယ် လေးလေး မထသေးဘူး သားသွားကြည့်လိုက်အုန်းမယ်"
"အင်း သွားနှိုးလိုက်တော့"
"ဟုတ်"
ဦးချမ်းမြေ့တစ်ယောက် ကိုယ်တိုင်သွားကြည့်ချင်သော်လဲ သူ့ခလေးတော်တော်စိတ်ဆိုးနေမည်ကိုသိ၍ ဝေယံ့ကိုသာလွှတ်လိုက်သည်
****
တော်တော်ကိုအိပ်မောကျနေတဲ့ သျှားမာန်ကို လှုပ်ကာနှိုးလိုက်တယ် ထမလာ ဘယ်လိုခေါ်ခေါ်ထမလာတာကြောင့် လက်မောင်းကနေကိုင်ကာ ဆွဲထူလိုက်တယ် အဲ့တော့မှ မျက်လုံးလေးတွေ ဖြေးဖြေးချင်ပွင့်လာပြီး ဝေယံ့ကိုလဲ တွေ့ရော ဖတ်ကာ ရှိုက်ကြီးတငင်ငိုလေသည်"ဝေယံ ဟင့် မင်းဦးလေး ဟင့်"
မျက်ရည်တွေ အရမ်းကျလာတဲ့ သျှားမာန်ကိုကြည့်လိုက်တော့ တော်တော်ကိုဝမ်းနည်းနေပုံပေါ်တယ်
"သျှားမာန် ဘာဖြစ်တာလဲ စိတ်အေးအေးထားနော် ငါ့ကိုပြောပြ မင်းဘာဖြစ်လဲဆိုတာ မငိုနဲ့တာ့နော် ငါ့ကိုပြောပြ ငါ့ဦးလေးမင်းကို ဘာလုပ်လို့လဲ"
"ဟင့် မင်းဦးလေး မင်းဦးလေး ငါ့ကို ငါဘယ်လိုပြောလို့ပြောရမှန်းမသိတော့ဘူး"
"မင်း မပြောနဲ့နော် ငါ့ဦးလေးက မင်းကို ဆက်ဆံတယ်လို့ေတာ့"
ပြောလိုက်ကာမှ အာပြဲကာ အော်ငိုပြိး အသားကုန်ကိုဖတ်လာသည်
"ဟုတ်တယ် မင်းဦးလေး လူယုတ်မာ လူယုတ်မာကြီး"
ဝေယံ ပြောစရာစကားများပင် ပျောက်ရှသွားသည် သူ့ဦးလေးက လူတိုင်းကိုငြင်းခဲ့တဲ့သူ အခုထိလဲ ရည်းစားမထားတဲ့သူ အခုတော့ သူ့သူငယ်ချင်းနဲ့ ဖြစ်ခဲ့တယ်တဲ့လား ဦးလေးဘက်ကနေရမလား သူငယ်ချင်းဘက်ကနေရမလားတောင်မသိတော့ဘူး
သျှားမာန်ရဲ့ အော်သံကြောင့် ဦးချမ်းမြေ့နဲ့ ဖြိုးမြတ်လဲ အခန်းထဲသို့ စိုးရိမ်တကြီး ပြေးဝင်လာကြသည်
"ဘာဖြစ်တာလဲ"
ဦးချမ်းမြေ့က အလိုမကျဟန် မျက်မှောင်ကျုံ့ကာမေးလာသည်
YOU ARE READING
Chit ya thu 💞Oø💞 (Complete)
Romancewp မှာ ပထမဆုံးရေးတာပါ အမှားပါရင် ခွင့်လွတ်ကြပါ လိုအပ်တာ ရှိလဲ ပြောကြပါနော်??? #Wai