Ep47💞End💞

4.2K 97 7
                                    

#unicode

"သူရ နိုးလာပြီလား!"

"......"

ထိုင်ဖို့လုပ်နေတဲ့ သူရကို အဂ္ဂဖြေးဖြေးချင်းထူပေးလိုက်သည်

"သျှားမာန်ရေ အကို့ကိုဆရာဝန်လေးသွားခေါ်ပေးပါလား"

"အင်း"

သျှားမာန်လဲ အမြန်ပြေးထွက်သွားလိုက်သည်

"သူရ လက်နာနေသေးလားဟင်"

သူရခေါင်းကိုဖြေးဖြေးချင်းခါရမ်းလိုက်သည်

သူရအဂ္ဂကိုသာ ကြည့်နေမိသည်

*ကျွန်တော်မနိုးထလာနိုင်တော့ဘူးလို့ထင်နေတာ ကျွန်တော် အကို့ဆီကအချိန်တိုင်းထွက်သွားချင်နေခဲ့တာ ဒါပေမယ့် တကယ်တမ်းထွက်သွားရမဲ့အချိန်မှာ ကျွန်တော်အရမ်းကြောက်နေခဲ့တယ် ကျွန်တော်ကြောက်ခဲ့တယ် ကျွန်တော်အကို့နားကထွက်မသွားချင်ဘူး ထွက်မသွားတော့ဘူး*

"သူ သူရ...."

ရုတ်တရက်လှမ်းဖက်လိုက်တဲ့သူရကြောင့် အဂ္ဂအံ့လဲဩသလို ပျော်လဲပျော်မိသည် သူရကိုပြန်ကာ တင်းတင်းကျပ်ကျပ်ဖက်လိုက်ပြီး

"ကိုယ့်ကိုစိတ်မဆိုးတော့ဘူးပေါ့နော်"

"မဟုတ်ဘူး စိတ်ဆိုးနေတုန်းပဲ ဒါပေမယ့်  ကျွန်တော်စိတ်ဆိုးပြေအောင်ချော့ဖို့ အခွင့်အရေးတစ်ခုထပ်ပေးတာ"

ကျေကျေနပ်နပ်ကြီး ရယ်လိုက်တဲ့ အဂ္ဂကျောကို သူရခပ်နာနာလေးတစ်ချက်ရိုက်လိုက်ပြီး

"ပျော်မနေနဲ့ ကျွန်တော့ကိုချော့ဖို့လွယ်တယ်များ ထင်နေလား? ခင်များကိုနေ့တိုင်းခေါင်းကိုက်အောင်ကို လုပ်နေမှာ ခင်များသည်းခံဖို့သာပြင်ထားတော့"

"ဟားဟားးး သူရသာအခွင့်အရေးတစ်ခါပေးတာနဲ့ သူရဘယ်လိုလုပ်လုပ် ကိုယ်မပြောဘူး ဘယ်လောက်ဆိုးဆိုး ဘယ်လောက်ပဲကိုယ့်ကို အနိုင်ယူယူ ကိုယ်မင်းကိုအမြဲအလျှော့ပေးပြီး သည်းခံမယ်လို့ ကတိပေးတယ် သူရကိုကိုယ့်အနားက နောက်တစ်ခါထွက်မသွားစေရတော့ဘူး"

သက်ပြင်းကို ခပ်ပြင်းပြင်းချပြီး အဂ္ဂသူရကိုတင်းတင်းကျပ်ကျပ် ဖက်တွယ်လိုက်သည်... သူရလဲ ပြုံးရွှင်ကာ အဂ္ဂကို ခပ်တင်းတင်း ပြန်ဖက်လိုက်သည်

Chit ya thu 💞Oø💞 (Complete)Tempat cerita menjadi hidup. Temukan sekarang