💖💖💖Unicode💖💖💖
သျှားမာန်....ဟျောင့် ဝေယံ ငါ့ကို အလုပ်ရှာပေးပါအုန်းကွာ ငါ့အရင်အလုပ်က သူဌေးကကွာစောက်ကျင့်မကောင်းဘူး အဲ့တော့ ငါထွက်လာရပြီ အလုပ်လေးဘာလေး မကြားမိဘူးလား
ဝေယံ.....မင်းကဘယ်တုန်းကကောအလုပ်မြဲလို့လဲမင်းကနည်းနည်းလေးတောင်သည်းခံလို့လား မင်းကသူဌေးနဲ့လဲရန်ဖြစ်တဲ့ကောင်လေ
သျှားမာန်.....ငါ့ကိုများမင်းကပြောရတယ်ရှိသေးငါကငါမှန်လို့ငါမခံပဲပြန်ပြောတာကွမင်းကသာလူတကာနဲ့ရန်ဖြစ်နေပြီးတော့မင်းဦးလေးရှိလို့မင်းကောင်းကောင်းနေနေရတာလဲထည့်ပြောအုန်းငါ့ကိုလာပြောနေတယ်ကိုယ့်ဟာကိုဆိုးသွမ်းနေတာကျမပြောဘူး
ဝေယံ.....ငါမှားပါတယ်ကွာမင်းကိုပြောမိတာ မင်းကမှန်တာကိုလုပ်တယ်ဆိုတာငါသိတယ်ဒါပေမယ့်မင်းလဲကလေးဆန်တာပဲေလငါက ကလေးပီပီရန်ဖြစ်တာကရွယ်တူတွေနဲ့ကွမင်းကမင်းကိုအလုပ်ပေးတဲ့သူတွေနဲ့ရန်လိုက်ဖြစ်နေတာလေငါကမင်းကိုစိတ်လျှော့စေချင်တာပါကွာ
သျှားမာန်.....အော်ရန်ဖြစ်တာကလေးပီသတာတဲ့လား မှတ်သားလောက်ပါပေတယ်ကွာ မင်းနဲ့လဲ အခုမင်းငါ့ကိုအလုပ်ရှာပေးမှာလား မရှာပေးဘူးလား အဲ့ဒါပဲပြော
ဝေယံ.....ရှာပေးမှာပေါ့ကွ မင်းကလဲ ငါ့ဦးလေး ရဲ့ဆိုင်တစ်ဆိုင်မှာလုပ်မလား အချိန်ပိုင်းပဲလေ ငါပြောပေးမယ် စားသောက်ဆိုင်မှာ စားသောက်ဆိုင်ဆိုပေမယ့် သူ့ကုမ္ပဏီနဲ့ သက်ဆိုင်တဲ့သူတွေလာတာများတယ် ပြီးတော့ကွာသူက အောက်ထက်မှာက ဘားတစ်ခု ရှိတယ် မင်းကစားသောက်ဆိုင်ဘက်မှာပဲလုပ်ရင်လုပ် မင်းကဘားဆိုလဲဖြစ်မဲ့ကောင်မဟုတ်ဘူး စားသောက်ဆိုင်ဘက်လုပ်ပေမယ့်လဲမင်းနည်း နည်းတော့အပြုအမူတွေဆင်ခြင်ရမယ် ငါ့ဦးလေးရဲ့အသိမိတ်ဆွေတွေသူဌေးတွေဆိုတော့မင်းကိုစိတ်အရမ်းမကြီးစေချင်ဘူး
သျှားမာန်.....အင်းပါငါလုပ်မယ်မင်းဦးလေးကိုပြောပေး ငါ့စိတ်ငါထိန်းရမှာပေါ့တစ်ခုခုဖြစ်လဲ ငါ့အဘွားအတွက်ငါပဲရှိတာငါမလုပ်လို့မှမရတာ ငါလုပ်မယ်ပြောပေး
ဝေယံ......အင်းမင်းဘေးမှာငါရှိနေတာပဲကွာမင်းကလဲ အဲ့လိုကြီးဝမ်းနည်းမနေပါနဲ့ကွာ ပျော်ပျော်နေ

STAI LEGGENDO
Chit ya thu 💞Oø💞 (Complete)
Storie d'amorewp မှာ ပထမဆုံးရေးတာပါ အမှားပါရင် ခွင့်လွတ်ကြပါ လိုအပ်တာ ရှိလဲ ပြောကြပါနော်??? #Wai