#unicode
သျှားမာန်တစ်ယောက် ဆိုင်မှာ ကိုယ့်တာဝန်ကို ကျေပွန်အောင် လုပ်နေသည်
ဝေယံကတော့
"ဘာလို့လိုက်လာတာလဲ ဒီအချိန်တွေ အိမ်မှာ စာလုပ်နေလို့ရတယ်လေ အခုတော့ အားယားနေတယ်မှတ်လား"
"လေးလေးကလဲ သားပျင်းလို့ပါ သျှားမာန်နဲ့လဲ အတူနေချင်တာနဲ့ လိုက်လာလိုက်တာပါလေးလေးကလဲ မဆူပါနဲ့တော့"
"ပျင်းတယ်ဟုတ်လား မင်းအမြဲ ပျင်းနေတာပဲလား စာကျတော့လဲ မကြိုးစား မင်းဘယ်နေရာမှာ တော်နေလို့လဲ အရာရာတိုင်းမှာ မင်းသူငယ်ချင်းတွေထဲမှာ မင်းကဘယ်အဆင့်လဲ ဟမ် "
"လေးလေးကလဲ သားစာလုပ်ပါတယ်"
"တစ်နေ့ ဘယ်နှနာရီလဲ တစ်ခါတစ်လေ bar က သွားလိုက်သေး"
"လေးလေးရယ် မဆူပါနဲ့တော့ သားအခု ဒီအခန်းထဲစာလုပ်ရင်ရပြီမှတ်လား"
ဝေယံတစ်ယောက် ဦးလေးဆူလို့ စာတွေ ထိုင်လုပ်နေရသည်
*****
"သျှားမာန် အကိုတို့က မင်းထွက်သွားရပြီ ထင်နေတာ သူဌေးက ရန်ဖြစ်ရင် အလုပ်ထုတ်တတ်တယ် ဝန်ထမ်းတွေ ဘက်က မမှားရင်တောင်မှပေါ့""ဟုတ်တယ် မင်းတော်တော် ကံကောင်းတယ်"
"ကျွန်တော်က သူ့တူရဲ့ သူငယ်ချင်းမို့လို့ ကျွန်တော့ကို ကူညီပေးတာပါ"
"ဟျောင့် စည်သူဟိုမှာ အဂ္ဂမိုးမှတ်လား ဘာပြဿနာ ရှာအုန်းမလဲ မသိဘူးမင်းသွားလိုက်"
/စည်သူဆိုတာ သျှားမာန်နဲ့ ခင်သွားတဲ့ နှစ်ယောက်ထဲက တစ်ယောက်ပါ/
စည်သူလဲ အခန်းထဲမှ ထွက်ခါအဂ္ဂမိုးထံသို့ သွားလိုက်သည်
"ဘာများအလိုရှိပါသလဲခင်မျ"
"သျှားမာန်"
"ခင်မျာ"
"သျှားမာန်လို့ ပြောနေတာ နားမလည်ဘူးလား သျှားမာန်ကိုခေါ်လိုက်"
"သူမရှိ"
"လိမ်မနေနဲ့ သူဒီနေ့ ဒီမှာ ရှိလို့ ငါရောက်လာတာ"
***ဘာလဲ သူသျှားမာန်ကို နောက်ယောင်ခံလိုက်နေတာလား***
"မြန်မြန်သွားခေါ်လိုက် မင်းအလုပ်ထုတ်မခံချင်ရင်"
YOU ARE READING
Chit ya thu 💞Oø💞 (Complete)
Romancewp မှာ ပထမဆုံးရေးတာပါ အမှားပါရင် ခွင့်လွတ်ကြပါ လိုအပ်တာ ရှိလဲ ပြောကြပါနော်??? #Wai