#unicode
မနက်မိုးလင်းတော့ ချမ်းမြေ့တစ်ယောက် အောက်ထပ်သို့ဆင်းလာပြီး ဖြိုးမြတ်ကို မေးလေသည်
"ဝေယံနိုးနေပြီလား"
"မနိုးသေးဘူး အကို သူညကများသွားပုံပဲ"
"ဒီကောင် ဘယ်တုန်းကကော မများလို့လဲ"
"အကို သူ့ကို အရမ်းအလိုလိုက်တယ်နော် သူ့ရှေ့သာ အကိုက သူ့ကိုတင်းကျပ်သလို နေတာ တကယ်တမ်းကျတော့ အကိုကအရမ်းအလိုလိုက်တယ်"
"ငါအလိုလိုက်တယ်ဆိုတာဟုတ်တယ် သူ့ရဲ့ စိတ်ဒဏ်ရာတွေကြောင့် ထပ်ပြီး မနာကျင်စေချင်ဘူး အဲ့အကြောင်းတွေ သူ့အတွေးထဲ ရောက်မလာစေချင်ဘူး အဲ့ဒါကြောင့်"
ချမ်းမြေ့ ခဏနေတော့ ဆက်ပြောလာသည်
"ဝေယံကို သွားနှိုးလိုက်"
"ဟုတ်"
ဖြိုးမြတ်လဲ ချမ်းမြေ့ပြောသလို ဝေယံကိုနှိုးရန် အပေါ်ထပ်ကိုတက်လာပြီး ဝေယံရဲ့ အခန်းဆီသို့ လာလိုက်သည်
'ဒေါက်.....ဒေါက်.....ဒေါက်'
ဖြိုးမြတ် အခန်းတံခါးခေါက်သော်လဲ အထဲမှ ပြန်မတုန့်ပြန်သောကြောင့် အခန်းထဲ ဝင်သွားရန် လုပ်လိုက်သည်
အခန်းထဲရောက်တော့ ကုတင်ပေါ်မှာ အိပ်စက်နေသော ဝေယံဘေးသို့သွားကာ လက်မောင်းလေးအားလှုပ်၍
"အကိုလေး ...အကိုလေး... ထတော့ အကို နှိုးခိုင်းလိုက်တယ်"
ဝေယံ သူ့လက်မောင်းအားကိုင်ထားသော ဖြိုးမြတ်လက်ကိုဆွဲကာ ကုတင်ပေါ်သို့ပစ်လှဲလိုက်ပြီး အပေါ်မှ အုပ်မိုးလိုက်သည်
ဖြိုးမြတ်ကတော့ ဝေယဲအား အရင်လိုခတ်ထန်သော မျက်လုံးများဖြင့်ကြည့်ကာ
"ဖယ်"
ဖြိုးမြတ်ပြောသောလေသံသည် အာဏာရှင်ဆန်လွန်းသည် အကြည့်များကလဲ အရမ်းကို မာထန်လွန်းသည်
"အကို ကျွန်တော့ကို အဲ့လို မကြည့်ပါနဲ့ အမြဲတမ်းကျွန်တော့ကိုဆို အကိုက အကောင်းမမြင်ဘူး"
"ဖယ် အခု"
"မဖယ်ဘူး အကိုသိတယ်မှတ်လား ကျွန်တော် အကို့ကို ကြိုက်နေတာ အဲ့ဒါကို ဘာလို့ မသိချင်
ဟန်ဆောင်နေတာလဲ"
ESTÁS LEYENDO
Chit ya thu 💞Oø💞 (Complete)
Romancewp မှာ ပထမဆုံးရေးတာပါ အမှားပါရင် ခွင့်လွတ်ကြပါ လိုအပ်တာ ရှိလဲ ပြောကြပါနော်??? #Wai