#unicode
အိမ်ပြန်လာတဲ့ လမ်းတစ်လျှောက်လုံးကျွန်တော်ငိုနေမိတယ် ကျွန်တော်ဦးကိုထားခဲ့တာ ဦးအတွက်ပါ ဦးကသူ့မိသားစုကိုအရမ်းချစ်တဲ့သူဆိုတာ ကျွန်တော်သိတယ် အာ့ကြောင့် ကျွန်တော့အတွက်နဲ့တော့ သူ့အမနဲ့အဆက်မဖျက်စေချင်ဘူး.......
ဒီနေ့ဦးကိုတွေ့လိုက်ရတော့ ပျော်လဲပျော်သလို ဝမ်းလဲနည်းတယ် ပိုလဲလွမ်းလာတယ် ဦးမျက်နှာလေးကချောင်ကျသွားလိုက်တာ ကလပ်ထဲမှာ ကျွန်တော့်ကိုအော်ခေါ်နေတာက အရူးတစ်ယောက်လိုပဲ ဦးကျွန်တော့်ကိုပဲ လိုက်ရှာနေလို့မရဘူးလေ ဦးရယ် ဦးကိုယ့်ဘဝကိုယ်နှိမ့်ကျအောင်မလုပ်ပါနဲ့ ဦး ကျွန်တော့်လိုလူကို ဦးဘဝထဲခေါ်မသွင်းပါနဲ့......
ကျွန်တော် အိမ်ပြန်ရောက်တော့ တော်တော်နောက်ကျနေပြီ ကျွန်တော်လဲ ခြေလက်ဆေးပြီး ဖွားဖွားဘေးမှာ ကွေးကွေးလေးသာအိပ်လိုက်တော့တယ် အိပ်မပျော်လဲ အိပ်မှရမယ် တစ်နေ့မှာ ကျွန်တော့အိပ်ချိန်က လေးနာရီ ငါးနာရီလောက်ပဲရှိတာလေ......
********
"အကိုရော့ ဒါလေးသောက်လိုက်"
"အား ခေါင်းတွေကိုက်လိုက်တာ"
"လေးလေး အရက်တွေထပ်မသောက်လို့မရဘူးလား အခုလိုပဲ လေးလေးနေနေရင် အိပ်ယာထဲလဲသွားလိမ့်မယ်"
ဦးချမ်းမြေ့နိုးလာတာနဲ့ ဖြိုးမြတ်ကဘေးနားကနေ ထူပေးကာ အမူးပြေဆေးတိုက်လေသည်
ဝေယံကတော့ သူ့ဦးလေးကိုစိတ်ပူစွာ ပြောနေကျအတိုင်းအော်ပြောလေသည်
ဦးချမ်းမြေ့ နားထင်ကို လက်ဖြင့်ဖိရင်း ထထိုင်လိုက်သည်
"ဖြိုးမြတ် သျှားမာန်ရော"
"ဗျာ သျှားမာန်ကို လေးလေးတွေ့ခဲ့လို့လား"
ဝေယံကမေးလိုက်တော့ ဦးချမ်းမြေ့ကခေါင်းငြှိမ့်ပြသည် ဖြိုးမြတ်တော့ လက်ထဲကခွက်လေးကို ဦးချမ်းမြေ့ကိုလှမ်းပေးရင်း
"အကိုအမြင်မှားနေတာ အဲ့မှာ သျှားမာန်မရှိဘူး အဲ့ကအလုပ်သမားတွေအကုန်ပြန်တာတောင် သျှားမာန်ထွက်မလာဘူး အကိုမနေ့ကလဲ အရမ်းမူးနေတာလေ အဲ့ဒါကြောင့် အမြင်မှားတာ"

ESTÁS LEYENDO
Chit ya thu 💞Oø💞 (Complete)
Romancewp မှာ ပထမဆုံးရေးတာပါ အမှားပါရင် ခွင့်လွတ်ကြပါ လိုအပ်တာ ရှိလဲ ပြောကြပါနော်??? #Wai