#unicode
မနက်ကကျွန်တော်တို့သုံးယောက် စကားတွေထိုင်ပြောရင်း အချိန်ကုန်နေရာက နေ့လည်ကျတော့အပြင်ထွက်လည်ကျတယ် အဲ့မှာ ကျွန်တော်စဉ်းစားမိတာ အကိုအဂ္ဂကိုခေါ်ပြီး သူရနဲ့ငြှိပေးဖို့လေ ဝေယံနဲ့ကျွန်တော်စီစဉ်ထားတဲ့အတိုင်း ထွက်လာခဲ့ပြီး သူရကတော့လျှောက်လည်ဖို့လောက်ပဲ သိပြီးလိုက်လာခဲ့တယ်
ကျွန်တော်တို့ Luck cafeကိုလာပြီး အကိုအဂ္ဂဆီ ဖုန်းခိုးဆက်ဖို့လုပ်ထားပေမယ့် သူရကကျွန်တော်တို့အကြံကိုမိသွားတယ် အဲ့ဒါနဲ့ပဲဘာမှမထူးတော့ဘူးဆိုပြီး သူရကိုဝေယံ့ကိုချုပ်ထားခိုင်းပြီး သူ့ဖုန်းကိုပဲယူပြီး အကိုအဂ္ဂဆီဖုန်းဆက်လိုက်တော့တယ်
ဒါတောက်ျွန်တော်တို့ထိုင်နေတဲ့နေရာက လူရှင်းပြီး ထောင့်နေရာဖြစ်နေလို့ မဟုတ်ရင် ကျွန်တော်နဲ့ဝေယံက သူရကိုနှောင့်ယှက်နေတယ်လို့တောင် လူတွေထင်နိုင်တယ်
သူရကိုထွက်မရအောင် ဝေယံကပိတ်ထိုင်ထားပြီး သူ့ကိုထိန်းထားရတယ် အကိုအဂ္ဂနဲ့ဖုန်းပြောပြီးမကြာဘူး အကိုအဂ္ဂရောက်လာတော့တာပဲ သူရကတော့ ဆူပုတ်နေတာပဲ ဝေယံကအလိုက်တသိ နေရာကထပေးတော့ အကိုအဂ္ဂ သူရဘေးဝင်ထိုင်လိုက်ပြီး သူရကိုစိုးရိမ်တကြီးကြည့်နေတယ် သူရကတော့မျက်နှာကိုတစ်ဖက်သာလှည့်ထားတယ်လေ ဘယ်သူကမှစကားမစတော့ ကျွန်တော့ဘက်ကပဲစကားစပြောလိုက်တော့တယ်
"အကိုအဂ္ဂ အကိုတို့ပွင့်ပွင့်လင်းလင်းရှင်းသင့်ပြီ အကိုစိုင်းမင်းကိစ္စကို"
"အဲ့ဒါ စိုင်းမင်းကိုအကိုလုံးဝစိတ်မဝင်စားဘူး"
အကိုအဂ္ဂကတော့ပြတ်သားစွာပြောလာသည်
"သူရ ကိုယ်တောင်းပန်ပါတယ်ကွာ ပြန်လိုက်ခဲ့ပါနော်"
"......"
တစ်ခွန်းဆိုတစ်ခွန်းမှပြန်မပြောတဲ့ ကျွန်တော့သူငယ်ချင်း....
ကျွန်တော်ကပဲကြားထဲကထပ်ပြောပေးရတော့တာပေါ့
"အကိုအဂ္ဂ သူရကိုခဏလောက်ျွန်တော်တို့နဲ့ပဲထားလိုက်ပါလား သူလဲစိတ်သက်သာသွားအောင်လို့လေ"
ESTÁS LEYENDO
Chit ya thu 💞Oø💞 (Complete)
Romancewp မှာ ပထမဆုံးရေးတာပါ အမှားပါရင် ခွင့်လွတ်ကြပါ လိုအပ်တာ ရှိလဲ ပြောကြပါနော်??? #Wai