Ep20💞

2.1K 90 12
                                    

#unicode

အခုဆို ဖွားဖွားက ကျန်းမာရေးတော်တော်ပြန်ကောင်းလာပါပြီ တစ်ပတ်လောက်ကျွန်တော်လဲအလုပ်မသွားရဘဲ ဖွားဖွားကိုဂရုစိုက်ပေးရတယ်လေ ကျွန်တော်ဖွားဖွားကိုပြုစုရတာ အရမ်းမပင်ပန်းပါဘူး ဝေယံကကူညီပေးတယ်လေ အမြဲတမ်းဖွားဖွားကိုပျော်အောင် စကားတွေကို စနောက်ပြီးပြောတတ်တယ်လေ သူရတစ်ယောက်ကတော့ တစ်ရက်ခြားတစ်ခါ အိမ်လာလည်တတ်တယ် ကျောင်းလဲပိတ်တုန်းဆိုတော့ သူရလဲပျင်းနေမှာလေ အဲ့တော့ အိမ်ကိုခနခနလာတာပေါ့ ကျွန်တော်တို့သုံးယောက်အမြဲ အိမ်မှာသောင်းကြမ်းတတ်ကြတယ်

ဖွားဖွားကိုလဲ စောင့်ရှောက်ရင်း ဖွားဖွားက အိမ်ပျော်နေတတ်တဲ့ အချိန်မျိုးဆို ကျွန်တော်တို့ ဂိမ်းဆော့တတ်ကြတယ် မုန့်တွေစားကြတယ် ပျော်စရာတွေလုပ်ကြတယ်

အခုတစ်လော ဦးအလုပ်မအားဘူးလို့ကြားတယ် အကိုအဂ္ဂနဲ့စာရင်းရှင်းစရာတွေလဲရှိတယ်တဲ့လေ ဒါပေမယ့်လဲ နေ့လည်တိုင်းဦးပြန်လာတတ်တယ် ကျွန်‌ေတာ်အပြင်ထွက်မှာကြောက်လို့လေ ဦးကသူ့လူတွေကိုအိမ်ကိုစောင့်ကြည့်ဖို့ပြောထားပေမယ့်လဲ အကယ်၍ ကျွန်တော်နဲ့ဝေယံသာ ထွက်ပြေးချင်ရင် သူတို့လဲတားနိုင်မှာ မဟုတ်ဘူးလေ ဒါပေမယ့်လဲ ကျွန်တော်တို့အပြင်မထွက်ခဲ့ပါဘူး ဖွားဖွားကိုစောင့်ရှောက်ရင်းပဲ အိမ်ထဲ‌ပဲ‌ေနဖြစ်တယ်

နေ့လည်ဘက်တွေ ဦးပြန်လာတိုင်း ဦးကကျွန်တော့ကိုချော့ဖို့ကြိုးစားတယ် ကျွန်တော်လဲကျွန်တော့ကိုချုပ်ခြယ်ထားတဲ့ ဦးကိုစိတ်ဆိုးမပြေပေးနိုင်ဘူးလေ

ဦးကအမြဲ မျက်နှာချင်းဆိုင်မိတာနဲ့ ခေါ်ဖို့ကြိုးစားတယ် ကျွန်တော်ကလဲ အမြဲမျက်နှာ ဆူပုတ်ထားပြီး ဦးကိုရှောင်ရှောင်သွားခဲ့တယ် ဦးမျက်နှာငယ်သွားတာတွေကို ဝေယံပြောပြလို့သိပါတယ် ဒါပေမယ့်လဲ ဦးကိုစိတ်ဆိုးနေသေးတာက တကယ်မပြေသေးဘူး

ဝေယံကတော့ ကျွန်တော့ကိုသူ့ဦးလေးဖြစ်သူဆီအသားကုန်တွန်းပို့တာ အရမ်းပဲ ကျွန်တော်ကသူငယ်ချင်းမို့လို့ သူ့ဦးလေးကိုကျွန်တော်နဲ့ပဲစိတ်ချလို့တဲ့လေ တကယ်ပါဝေယံကသူ့ဦးလေးလူ ကျွန်တော့ကိုသူ့ဦးလေးနားမရောက်ရောက်အောင် တွန်းပို့တတ်တယ်

Chit ya thu 💞Oø💞 (Complete)Where stories live. Discover now