Ep27💞

2.1K 87 1
                                    

#unicode

"လေးလေး"

"ဘာလဲ ပြော"

"သျှားမာန်ကိုတကယ်ပိတ်ထားမှာလား သူပိုပြီးစိတ်ဆိုးသွားအုန်းမယ်"

"စိတ်ဆိုးလဲဆိုးပါစေ ငါဘာမှမလုပ်ပေးနိုင်ဘူး သူကထွက်ပြေးချင်နေတာ အဲ့လိုပိတ်ထားမှအဆင်ပြေမှာ"

"လေးလေးကလဲ"

"တော်တော့ ဝင်မပါနဲ့"

"......."

"ဖြိုးမြတ် ကုမ္ပဏီကိုသွား လုပ်ရမဲ့စာရွက်စာတန်းတွေအကုန်ယူခဲ့ ငါဒီနေ့ အိမ်မှာပဲ အပြီးလုပ်တော့မယ်"

"ဟုတ်"

"လေးလေး လေးလေး"

"ဘာဖြစ်ပြန်တာလဲ ဝေယံ"

"သားလိုက်သွားချင်တယ် အကိုဖြိုးမြတ်နဲ့"

လေးလေးက အလိုမကျဟန်ကြည့်လာတာကြောင့် နှုတ်ခမ်းကိုဆူထားရင်း ခေါင်းငုံ့လိုက်မိတယ်

"လေးလေးကလဲ သားပြဿနာမရှာပါဘူး တကယ်ကတိပေးတယ် သားငြိမ်ငြိမ်လေးပဲ လိုက်သွားမှာ"

လေးလေးကို အသည်းအသန်တောင်းဆိုတော့မှ လေးလေး အသက်ပြင်းပြင်းတစ်ချက်ရှူရင်း

"ကောင်းပြီ လိုက်သွား"

"ဟုတ် လေးလေး"

လိုချင်တာရတော့ပြုံးရွှင်ပျော်မြူးနေတဲ့ ဝေယံကိုဦးချမ်းမြေ့ ခေါင်းရမ်းလိုက်ရင်း အပေါ်ထပ်ကိုတက်သွားလေသည်

ဖြိုးမြတ် ဦးချမ်းမြေ့ထွက်သွားတာနဲ့ သူလဲအိမ်ထဲကအမြန်ထွက်လာခဲ့တော့ နောက်မှာကျန်ခဲ့တဲ့ ဝေယံမှာ အမြန်ပြေးလိုက်ရသေးသည်

"အကို ကျွန်တော့ကိုစောင့်အုန်းလေဗျာ"

ဘာတစ်ခွန်းမှပြန်မပြောဘဲ အရှေ့ကသာလျှောက်သွားပြီး ကားတံခါးဖွင့်ပေးတယ်

"ဟွန့် နောက်မှာမထိုင်ဘူး အကို့ဘေးမှာထိုင်မှာ"

"‌နောက်မှာပဲထိုင် ဝေယံ"

"မထိုင်ချင်ပါဘူး"

"မထိုင်ချင်လဲ ထိုင်ရမယ်"

"မရဘူး မထိုင်ဘူး ဘေးဖယ်ပေး"

ဖြိုးမြတ်ကိုတွန်းလိုက်ပြီး ရှေ့ခန်းတံခါးဖွင့်ကာ ဝင်ထိုင်နေတဲ့ ဝေယံ့ကိုဖြိုးမြတ်လဲ မပြောနိုင်တော့တာကြောင့် လွှတ်သာထားလိုက်တော့သည်

Chit ya thu 💞Oø💞 (Complete)Место, где живут истории. Откройте их для себя