Ep31💞

1.9K 86 7
                                    

#unicode

ညနေကသျှားမာန်ကိုအကူအညီတောင်းပြီး လေးလေးကိုခေါ်ထုတ်သွားဖို့ပြောထားတော့ သျှားမာန်ကလဲကူညီပြီး ခေါ်ထုတ်သွားပေးတယ်

အခုအချိန်ကကျွန်တော်နဲ့အကိုဖြိုးမြတ် ညှိရမဲ့အချိန်ပဲ

ကျွန်တော် ထိုင်ခုံကို အကိုဖြိုးမြတ်ဘေး ပိုတိုးထိုင်လိုက်တယ်

"ကျွန်တော်အကို့ကိုချစ်တယ်"

"တော်တော့ ဝေယံ"

"ကျွန်တော်မနှောက်ဘူး ကလေးဆန်ဆန်ပြောနေတာ မဟုတ်ဘူး အကိုတစ်ယောက်လိုချစ်နေတာလဲ မဟုတ်ဘူး ကျွန်တော့ရဲ့စိတ်ရင်း စိတ်ရင်းနဲ့ပြောနေတာ အကို့ကိုချစ်တယ် ကျွန်တော့နှလုံးသားမှာ အကိုပဲရှိမှာမို့ တခြားဘယ်သူမှလဲ ဝင်မလာနိုင်ဘူး ဝင်လာလို့လဲမရဘူး ရင်ခုန်သံတွေကိုစသိတဲ့အရွယ်ထဲက ကျွန်တော့နှလုံးသားက အကို့ကိုပဲစောင့်နေခဲ့တာ

အကို့ရင်ထဲမှာလဲ ကျွန်တော်ရှိနေတယ်ဆိုတာ ကျွန်တော်သိတယ် ကျွန်တော့ကိုညာမနေပါနဲ့တော့ အကို့ရင်ထဲ ကျွန်တော့ကိုဝင်ခွင့်ပေးပါ"

..........

ကျွန်တော့ကိုနက်နက်နဲနဲကြည့်ရင်းပြောလာတဲ့ သူ့စကားတွေကိုနားထောင်ရင်း ခေါင်းထဲအတွေးတွေဗြောင်းဆန်‌ေအာင်ရောက်လာတယ်

သူ့မိဘ သူ့ရဲ့ဦးလေးဖြစ်တဲ့ ကျွန်တော့ကျေးဇူးရှင် သူ့တို့ကိုကြည့်ပြီးတော့ ကျွန်တော်ဝေယံနဲ့ရှေ့မဆက်ပဲနေရမလား

သျှားမာန်ကိုသူ့အမေလုပ်သလိုမျိုး ဝေယံကိုရော အဆက်အသွယ်ဖျက်လိုက်ရင် ဝေယံအရမ်းခံစားရမှာ သူ့ကိုမခံစားစေချင်ဘူး

အဲ့အချက်တွေကိုမကြည့်ဘဲ ကျွန်တော်တစ်ကိုယ်ကောင်းဆန်ဆန် ဘယ်သူ့ကိုမှမကြည့်ဘဲ ကျွန်တော့ရဲ့အချစ်ကိုထုတ်ပြပြီး သူနဲ့လက်တွဲရမလား

စဉ်းစားလေ စိတ်ရှုပ်လေ ရှေ့မှာရှိတဲ့ ဝိုင်ခွက်ကို ခပ်မြန်မြန်မော့ချလိုက်တယ်

သူလေးကပြောရင်း မျက်ရည်တွေကျနေရှာတာ ကျွန်တော်ဘယ်လိုတောင့်ခံနိုင်မလဲ ကျွန်တော့ကြောင့်နဲ့လဲ သူ့ကိုမငိုစေချင်ဘူး

Chit ya thu 💞Oø💞 (Complete)Onde histórias criam vida. Descubra agora