#unicode
မနက်မိုးလင်းတော့လဲ ခလေးပေါက်က ကိုယ့်ဘေးနားရှိမနေ ခလေးစိတ်ကောက်နေတုန်း ဆိုတာသိတာကြောင့် အစွမ်းကုန်ချော့ဖို့သာ ပြင်ရတော့တယ်
ရေမိုးချိုးအလုပ်သွားဖို့ပြင်ဆင်ကာ အောက်ထပ်ဆင်းလာခဲ့လိုက်တယ် ထမင်းစားခန်းထဲဝင်ဝင်ချင်းလူကိုမြင်ကာ မျက်စောင်းထိုးပြီး ထထွက်သွားတဲ့ ခလေး
"ခလေး ဆက်စားလေ"
"......"
ဧည့်ခန်းထဲထွက်သွားတဲ့ ခလေးရဲ့နောက်ကို အမြန်လိုက်ပြီး နောက်မှ သိုင်းဖတ်ထားလိုက်တယ်
"ခလေး ကိုယ့်ကိုစိတ်ဆိုးနေတာလား"
"......"
သျှားမာန်တစ်ယောက် ဘာတစ်ခုမှပြန်မပြောဘဲ ဦးချမ်းမြေ့ဆီမှ အတင်းရုန်းထွက်နေသည်
"ကိုယ်တောင်းပန်ပါတယ်ကွာ အဂ္ဂက ကိုယ်ထင်ထားတာထက် ယုတ်မာတယ် အဲ့ဒါကြောင့် ခလေးကိုစိတ်မချလို့ပါကွာ"
"ဖယ်ဗျာ ဖယ် လွှတ်ပေး"
"ကိုယ့်ကိုစိတ်ဆိုးနေသေးလား"
"......."
"ကိုယ်တကယ်တောင်းပန်ပါတယ်ကွာ ကိုယ် ခလေးကိုစိတ်မချလို့ပါ ကိုယ့်ကိုစိတ်မဆိုးပါနဲ့နော်"
"ခင်များဘာသာခင်များ ဘာလုပ်လုပ် ကျွန်တော့မှာပြောပိုင်ခွင့်ရှိလို့လား ပြောလို့ရောရလို့လား စိတ်ဆိုးပိုင်ခွင့်ဆိုတာရောရှိလို့လား ဒီအိမ်မှာ ကျွန်တော်လုပ်ပိုင်ခွင့်ဘာရှိလို့လဲ"
"ခလေးရာ အဲလိုမပြောပါနဲ့ကွာ ခလေးဒီအိမ်မှာ ကြိုက်တာလုပ်လို့ရတယ် ခလေးနေချင်သလိုနေလို့ရတယ် ဒါပေမယ့် အခုလောလောဆယ်တော့ အပြင်မထွက်စေချင်ရုံလေးပါကွာ ကိုယ်တောင်းပန်ပါတယ် ကိုယ်ခလေးကိုချုပ်ခြယ်နေတာ မဟုတ်ပါဘူး ကိုယ့်ကိုစိတ်မဆိုးပါနဲ့နော်"
"စိတ်ဆိုးတော့ရော အလုပ်သွားခိုင်းမှာမို့လို့လား ပြီးတော့ ခင်များက ဘာလုပ်ပေးမှာမို့လို့လဲ စိတ်ဆိုးရင်"
"ကိုယ်က ဘယ်လိုချော့ရမလဲဆိုတာ သိပ်မသိဘူး အကယ်၍ကိုယ့်ကိုစိတ်ဆိုးမပြေသေးဘူးဆိုရင်တော့ ကိုယ် ခလေးကိုနမ်းလိုက်မှာ"
VOUS LISEZ
Chit ya thu 💞Oø💞 (Complete)
Roman d'amourwp မှာ ပထမဆုံးရေးတာပါ အမှားပါရင် ခွင့်လွတ်ကြပါ လိုအပ်တာ ရှိလဲ ပြောကြပါနော်??? #Wai