#unicode
"ခင်များ ဘာလို့ဝင်လာတာလဲ"
ရေချိုးခန်းထဲမှ သပတ်တစ်ထည်သာ ပတ်ပြီး ထွက်လာတဲ့ သျှားမာန် ဦးချမ်းမြေ့ကိုမြင်တော့ အတော်လန့်သွားသည်
ဦးချမ်းမြေ့လဲ အနည်းငယ်တော့ ကြောင်သွားပင်မဲ့ ကိုယ့်မျက်နှာကိုယ်ပြန်ထိန်းလိုက်တယ်
"စိတ်ဆိုးသွားတာလား အလုပ်မသွားခိုင်းလို့"
"စိတ်ဆိုးတယ် ဟုတ်လား စိတ်ဆိုးတာမဟုတ်ဘူး ဒေါသထွက်တာ ကျွန်တော့ကိုလာလာပြီး မချုပ်ခြယ်ပါနဲ့ ကျွန်တော်လုပ်ချင်တာကိုလုပ်မယ် ခင်များပြောစရာမလိုဘူး"
"ကိုယ်က မင်းပင်ပန်းမှာဆိုးလို့ပြောတာ အလုပ်လုပ်နေရရင် စာကျက်ချိန်မရှိတော့ဘူး စာမေးပွဲကနီးနေပြီ"
"အလုပ်မလုပ်တော့ ကျွန်တော်ပိုက်ဆံရမှာလား အဲ့ပိုက်ဆံရမှ ကျွန်တော့အတွက် အခွင့်အလမ်းရှိမှာလေ"
"မင်း အဲ့ဒါကိုစိုးရိမ်နေတာလား"
"စိုးရိမ်တယ် ကျွန်တော်တို့က ချမ်းသာတာမဟုတ်ဘူး အဘွားကလဲ အသက်ကြီးပြီ အဘွားကိုလဲ စောင့်ရှောက်ရအုန်းမယ် ဒီအိမ်မှာပဲလဲ အမြဲနေလို့မရဘူး"
"မင်းနေချင်ရင် နေလို့ရတယ် ကိုယ်ကခွင့်ပြုပြီးသား မင်းထွက်မသွားပဲ ဆက်နေလဲ ရတယ်"
"မနေဘူး အခုတောင် တော်တော်သည်းခံပြီးနေနေရတာ ခင်များကိုမြင်ချင်တာမဟုတ်ဘူး"
သျှားမာန်စကားကြောင့် ဦးချမ်းမြေ့ သဘောမကျဟန် မျက်မှောင်ကျုတ်လိုက်သည်
"ကိုယ့်ကိုမမြင်ချင်ရအောင် ကိုယ်က ဘာလုပ်နေလို့လဲ"
"ခင်များကိုမုန်းတယ် အမြင်ကပ်တယ် ကြည့်မရဘူး အဲ့ဒါကြောင့် မမြင်ချင်တာ"
ဦးချမ်းမြေ့ ဒေါသထွက်သွားဟန်ရှိသည် ဦးချမ်းမြေ့ဆိုသူက လူတိုင်းလေးစားရတဲ့သူ အကုန်လုံးက မထိလေးစားမလုပ်ရဲတဲ့သူ အဲ့လိုလူတစ်ယောက်က ဒီဘာမဟုတ်တဲ့ ခလေးတစ်ယောက်ရဲ့ အပြောကိုခံနေရတယ် ဦးချမ်းမြေ့ ဆက်သည်းခံမနေတော့ဘဲ အရင်ကလို မျက်နှာထားမျိုးပြန်နေလိုက်တယ်

YOU ARE READING
Chit ya thu 💞Oø💞 (Complete)
Romancewp မှာ ပထမဆုံးရေးတာပါ အမှားပါရင် ခွင့်လွတ်ကြပါ လိုအပ်တာ ရှိလဲ ပြောကြပါနော်??? #Wai