Ep45💞

1.7K 66 5
                                    

#unicode

"တီလေး သူရရော?"

"သူရအခန်းထဲမှာရှိတယ်သား သွားလိုက်နော်"

"ကျွန်တော်!....ကျွန်တော်မဝင်တော့ပါဘူးဗျာ"

တွန့်ဆုတ်တွန့်ဆုတ်လုပ်နေတဲ့ ကျွန်မရဲ့ တူတော်မောင်ကို ကျွန်မကပဲ အားပေးရတော့မှာပေါ့

"သား သားဒီလိုပဲဆက်လုပ်နေရင် သားသူရနဲ့ဘယ်လိုအဆင်ပြန်ပြေနိုင်မှာလဲ သားစဉ်းစားလေ သားလဲသားအမှားသားသိပြီမဟုတ်လား အန်တီ့သားလေးက သားထင်သလောက်စိတ်မမာဘူး သားရဲ့ သားသာသူ့ကိုဆက်တိုက်ချော့မယ်ဆို သူမင်းနဲ့ပြန်အဆင်ပြေလာလိမ့်မယ် သွားပါသား သွားချော့လိုက် အန်တီတော့အလုပ်သွားလိုက်အုန်းမယ် အန်တီ့သားလေးကိုစောင့်ရှောက်ပေးအုန်းနော်"

"ဟုတ် တီလေး"

ဒီကလေးနှစ်ယောက်ကို အတူထားခဲ့ရမှာ ခပ်လန့်လန့်ဆိုပေမယ့်လဲ သူတို့အဆင်ပြေဖို့လိုတယ်လေ နှစ်ယောက်သားက လမ်းခွဲပြီးကာမှ အရယ်အပြုံးလဲရှားလာကြတယ် တစ်ယောက်နဲ့တစ်ယောက် ပြန်ဆက်သွယ်ချင်ပေမယ့် ဘယ်သူ့ဘက်ကမှ အခြေအနေကို ပြေလည်အောင်လုပ်ဖို့ မစကြဘူးလေ အခုလိုအချိန်မှာ သူတို့နှစ်ယောက်ကို အချိန်ပေးဖို့အရမ်းအရေးကြီးတာကြောင့် အခုလိုနှစ်ယောက်တည်းထားခဲ့ရတာပေါ့......

..............

'ဒေါက်.....ဒေါက်'

"မေမေလား ဝင်ခဲ့လေ သားတံခါးဖွင့်ထားတယ် မေမေ"

ကျွန်တော့ကိုသူ့အမေအထင်နဲ့ ဝင်လာခိုင်းနေတာ ကျွန်တော်လဲ ဒီအခွင့်အရေးကိုတော့ အဆုံးရှုံးမခံနိုင်ဘူးလေ.... တံခါးဖွင့်ပြီးဝင်သွားလိုက်တော့ ဒီကောင်လေးက ရေချိုးပြီးလို့ထင်တယ် အဝတ်ရွေးနေတာတွေ့တာနဲ့ ကျွန်တော်လဲ နောက်ကနေရုတ်တရက်သိုင်းဖက်လိုက်တယ် ကျွန်တော့ရင်ခွင်ထဲမှာ မြုတ်သွားတဲ့ သူ့ကိုယ်လေးကိုပိုပြီးတင်းတင်းကျပ်ကျပ် ဖက်ထားလိုက်တယ် အဝတ်ရှာနေတဲ့သူ့လက်လေးတွေ ရပ်တန့်သွားပြီး ကျွန်တော့ရင်ခွင်ထဲက အတင်းရုန်းကန်လာတယ်

"ခင်များဘယ်လိုဝင်လာတာလဲ လွှတ်!!!"

"မင်းလေးပဲဝင်ခိုင်းတာလေ"

Chit ya thu 💞Oø💞 (Complete)Tempat cerita menjadi hidup. Temukan sekarang