Ep14💞

2.4K 114 21
                                    

#unicode

"သက်ထား"

အမူးလွန်နေတဲ့ ဝတ်ရည် သက်ထားရဲ့ လက်လေးနှစ်ဖက်ကိုနုနုရွရွလေးကိုင်ပြီး နာမည်ကိုခေါ်လာသည်

"အင်းပြောလေ ဝတ်ရည်"

"ဝတ်ရည်လေ ဝတ်ရည် သက်ထားကိုချစ်တယ်"

မျက်ဝန်းလေးတွေ ပြူးသွားကာ ဝတ်ရည်ကိုစိုက်ကြည့်လာတယ်

***ဝတ်ရည်မူးနေပြီ ထင်တယ် သူဘာတွေပြောနေမှန်းတောင်သူမသိတော့ဘူး***

"သက်ထား သက်ထားကိုချစ်တယ်လို့"

"ဝတ်ရည် ဝတ်ရည် အရမ်းမူး‌ေနပြီ ထင်တယ်"

"ဝတ်ရည် သက်ထားကိုချစ်တယ်"

ပြောပြီး မျက်လုံးတွေ စင်းလာကာ ပုခုံးပေါ်ကိုမှီကျလာတဲ့ ဝတ်ရည်ကိုကြည့်ရင်း ရီပြီးခေါင်းခါမိတယ်

***ခလေးလေးကျနေတာပဲ ဝတ်ရည်က မူးရင် မဟုတ်ကဟုတ်ကတွေလဲ ပြောတတ်တာပဲလား***

သူရကတော့ ခုံပေါ်မှောက်နေတာကြာခဲ့ပြီလေ

သျှားမာန်လေးကတော့ မပွင့်တပွင့်မျက်လုံးတွေနဲ့ အတော်မူးနေတာတောင် သောက်တာကို အခုထိမရပ်သေး

ဝေယံကတော့ ဖြိုးမြတ်ကိုအပိုင်ကိုယူထားလေသည် ဖြိုးမြတ်ပေါင်ပေါ်တက်ထိုင်ပြီး လည်ပင်းကိုဖတ်ကာ ရီလိုက် ငိုလိုက်နဲ့ တစ်ယောက်ထဲကို ရင်ဖွင့်လို့မပြီးနိုင်

"အကို အကိုဖြိုးမြတ် ကျွန်တော်အကို့ကိုချစ်တယ် ကျွန်တော့ကိုပြန်ချစ်ပါဗျာ ဟင့် ဟင့် ဟွန့် အကိုကလူဆိုး အကိုညာနေတာ အကိုကျွန်တော့ကိုချစ်တာကျွန်တော်သိတယ် ဟုတ်တယ် မှတ်လား အကိုကျွန်တော့ကိုချစ်တယ်မှတ်လား ဟားဟား"

ပြောပြီး အိပ်ပျော်သွားပြန်တဲ့ကောင်လေးကြောင့် လူကပြုံးလိုက်မိပေမယ့် ကျန်တဲ့ခလေးတွေကိုပါကြည့်ရင်း လူကရူးချင်လာသည်

***ဒီကလေးတွေနဲ့တော့ ငါရူးတော့မှာပဲ***

📞📞📞

ဖုန်းဝင်လာတာကြောင့် ကြည့်လိုက်မိတော့ ဦးချမ်းမြေ့

"Hello အကို"

Chit ya thu 💞Oø💞 (Complete)Where stories live. Discover now