Ep28💞

2.1K 85 8
                                    

#unicode

"အင်းးး ဟင်းးးး အောင့်တယ် အ့"

ညသန်းခေါင်ကြီး ထငြီး‌ေနတဲ့ ခလေးကြောင့် ကျွန်တော်မှာ စိုးရိမ်ပူပန်စွာထလာရသည် ခလေးရဲ့ပါးလေးတွေကိုကိုင်လိုက်တော့လဲ ပူခြစ်နေလိုက်တာဗျာ ဗိုက်လေးကိုဖိပြီးလှိမ့်နေတဲ့ ခလေးကို လှုပ်နှိုးတော့လဲ မျက်လုံးပွင့်မလာ

"ခလေး ကိုယ်ပြောတာကြားလား ခလေး"

"ဟင့် အောင့်တယ် ဦး အရမ်းအောင့်တယ် အ့"

ကျွန်တော့မှာ ကုတင်ပေါ်ကအပြေးထပြီး အခန်းပြင်ထွက်ကာ ဖြိုးမြတ်ကိုအော်ခေါ်ရသည်

ဖြိုးမြတ်လဲ အိပ်ချင်မူးတူးနဲ့အသည်းအသန်တက်လာတော့မှ

"ဖြိုးမြတ် မြန်မြန်ဆရာဝန်ခေါ် မြန်မြန်"

"အကို ဒီအချိန်က"

"ဘယ်အချိန်ပဲဖြစ်ဖြစ် ရအောင်ခေါ်လာခဲ့"

"ဟုတ်"

ဦးချမ်းမြေ့အမိန့်ကို မလွန်ဆန်ဘဲ ဖြိုးမြတ်လဲ အသိဆရာဝန်တွေကိုလျှောက်ဖုန်းဆက်နေတော့သည်

"ခလေး ခဏလေး‌အားတင်းထားအုန်းနော် ဆရာဝန်ရောက်လာတော့မယ် "

ကျွန်တော့ရင်ခွင်ထဲထည့်ဖက်ထားတဲ့အကောင်ပေါက်လေးက ဗိုက်လေးဖိထားရင်း မျက်ရည်လေးတွေစီးကျနေတာကိုကြည့်ရတာ ကျွန်တော့မှာ အရူးတပိုင်းပဲ

ကျွန်တော့်အပြစ် ကျွန်တော်လုပ်တာ ခလေးကိုအခုလိုဖြစ်အောင် ကျွန်တော်လုပ်မိတာ ခလေးကိုသာ အစာချော့မော့ကျွေးခဲ့ရင် အခုလိုဖြစ်မှာ မဟုတ်ဘူး ကိုယ်တောင်းပန်ပါတယ်ကွာ

အချိန်တစ်အောင့်ကြာတော့ ဖြိုးမြတ်နဲ့ဆရာဝန်တစ်ယောက် ရောက်လာတာကြောင့် ခလေးကိုအိပ်ယာပေါ်ပြန်လှဲပေးဖို့အလုပ် ခလေးရဲ့လက်လေးတစ်ဖက်က ကျွန်တော့အင်္ကျီစကို တင်းကျပ်စွာကိုင်ထားတာကြောင့် လှဲချပေးဖို့ကို ရပ်လိုက်ပြီး ကျွန်တော့ရင်ခွင်ထဲပဲမှီထားစေလိုက်တယ်

ဆရာဝန်ကစစ်ဆေးတာတွေအကုန်လုပ်ပြီး ခလေးကိုဆေးတစ်လုံးထိုးပေးတော့ ခလေးကငြိမ်ကျပြီး အိပ်ပျော်သွားတယ်

Chit ya thu 💞Oø💞 (Complete)Donde viven las historias. Descúbrelo ahora