Ep38💞

1.6K 77 6
                                    

#unicode

သျှားမာန်နဲ့ဝေယံလဲ သူရဖုန်းကိုကောက်ယူကြည့်လိုက်တော့.....

အကိုစိုင်းမင်းပို့ထားတဲ့ vdက အကိုအဂ္ဂနဲ့ အတူအိပ်ထားတဲ့vd

ပို့ထားတဲ့စာက....'မနေ့ကမင်းထွက်သွားပြီးတော့အဂ္ဂနဲ့အတူအိပ်ထားတာလေး ဒီလောက်ဆိုသူ့ရဲ့အကျင့်တွေကိုသူမစွန့်လွှတ်နိုင်တာ မင်းသိရောပေါ့ အဲ့တော့အဂ္ဂအနားကအပြီးအပိုင်ထွက်သွားပါ'

သျှားမာန်နဲ့ဝေယံပြောစရာတို့ပျောက်ရှသွားရသည် သူရဘာကြောင့်ငိုလဲမထူးဆန်းတော့ပါဘူးလေ သူရဆိုတဲ့သူတို့သူငယ်ချင်းက အရာရာမှာပျော်ပျော်နေတတ်တဲ့သူ ဝမ်းနည်းစရာဆိုရင်တောင် စိတ်ထဲရှိမနေအောင်နေတတ်တဲ့သူ အမြဲရယ်နေခဲ့တဲ့သူတို့သူငယ်ချင်းက အခုလောက်ထိငိုနေတယ်ဆိုကတည်းက အကိုအဂ္ဂကိုသူဘယ်လောက်ချစ်တယ်ဆိုတာ ပေါ်လွင်စေတာပဲ

သျှားမာန်နဲ့ဝေယံ သူရဘေးဝင်ထိုင်လိုက်ပြီး ငိုနေတဲ့သူရကိုပုခုံးကိုဖက်ရင်း နှစ်သိမ့်ပေးလိုက်တယ်

"ငါ့စိတ်အထင် ဒီကိစ္စကဖုံးကွယ်ထားတာရှိရမယ် အကိုအဂ္ဂကိုမေးကြည့်သင့်တယ်"

"မမေးဘူး သူ့ကိုငါလုံးဝမပတ်သက်တော့ဘူး ငါနာကျင်ရပြီးပြီ ထပ်မနာကျင်ချင်တော့ဘူး သူ့ကိုငါမုန်းတယ် မုန်းတယ်!!! ငါသူ့ကိုအခွင့်အရေးပေးခဲ့တယ် ငါချစ်လွန်းလို့ ဒီလောက်ထိသည်းခံနေတာ သူ့အကျင့်တွေပြင်သွားပြီလို့ထင်ခဲ့တာ ဒါ ဒါပေမယ့်သူမပြင်ခဲ့ဘူး ငါ့ကိုလိမ်နေခဲ့တုန်းပဲ တစ်ချိန်လုံးငါ့ကိုလိမ့်ခဲ့တယ် သူအကိုစိုင်းမင်းနဲ့ထပ်မအိပ်တော့ဘူးလို့ငါ့ကိုပြောတယ် ဒါပေမယ့်အကုန်ညာခဲ့တာ ငါ ငါ့ကိုသူညာတယ် အဟင့်"

ပြောရင်းထပ်မံငိုလာတဲ့ သူရကိုကျောလေးကိုပွတ်ပေးရင်းသာနှစ်သိမ့်ပေး‌ေနကြသည်

"ငိုချလိုက် စိတ်ထဲတင်းမထားဘဲ ငိုသာချလိုက်သူရ"

တော်တော်ကြာကြာငိုပြီး အိပ်ပျော်သွားတဲ့သူရကို ဝေယံနဲ့သျှားမာန် မနှောင့်ယှက်ချင်တော့တာနဲ့အပြင်ထွက်လာခဲ့လိုက်ကြတယ်

"သျှားမာန် သူရအဆင်ပြေပါ့မလား"

ဝေယံရဲ့အမေးကို သျှားမာန်လဲခေါင်းယမ်းလိုက်ရင်း

Chit ya thu 💞Oø💞 (Complete)Tempat cerita menjadi hidup. Temukan sekarang