#unicode
"ဖွားဖွား ညနေကျရင် သားတို့အိမ်ပြောင်းရမယ်နော် ဖွားဖွား လိုအပ်တာလေးတွေ သိမ်းထားနော် သားအဝတ်တွေတော့ ထည့်ပြီးပြီ မနက်စာလဲ စားဖြစ်အောင် စားအုန်းနော် သားကျောင်းနောက်ကျနေလို့ သွားတော့မယ်နော် ဖွားဖွား"
သျှားမာန်တစ်ယောက် အဖွားအား မှာစရာရှိတာ မှာပြီး ပွေ့ဖတ်ကာ နှုတ်ဆက်၍ ထွက်သွားလေသည်
နေ့လည်လောက်ရောက်တော့ သျှားမာန်တို့အိမ်ရှေ့သို့ ကားနှစ်စီးခန့်ရောက်လာသည်
ထို့နောက် ပါလားသော body guard သုံးယောက်လောက်က အိမ်ထဲသို့ဝင်ကာ သျှားမာန် ပြင်ထားသည့် အထုတ်များကို ကားပေါ်သို့ တင်လိုက်ကြသည်
ထို့နောက် အိမ်ပေါ်သို့ လူကြီးလူကောင်းပီသစွာ တတ်လာသူကတော့ ဦးချမ်းမြေ့ပင်
ဦးချမ်းမြေ့ ကုလားထိုင်ပေါ်မှိထိုင်နေသည့် အဖွားနားသို့ သွားကာ အပြုံးလေးဖြင့်နှုတ်ဆက်လိုက်သည်
"အဖွား မဂင်္လာပါ"
"အေးကွဲ့ မဂင်္လာပါ ဒါနဲ့ သားက"
"ဟုတ် ကျွန်တော်က ချမ်းမြေ့ပါ သျှားမာန်က ကျွန်တော်တို့ အိမ်ကိုပြောင်းနေမှာလေ သူက ညနေမှ ပြန်လာမှာဆိုတော့ ပြောင်းတာ မမှီမှာ ဆိုးလို့ ကျွန်တော် လာခေါ်ပေးတာပါ "
"အော် သားက ချမ်းမြေ့လား"
"ဟုတ် အဖွား .....အဖွား ယူစရာရှိသေးလားခင်မျ ကျွန်တော်တို့သွားကြမယ်လေ နော်"
"အေးကွယ် သွာကြမယ်"
ထို့နောက် ဦးချမ်းမြေ့လဲ သျှားမာန် အဖွားအား တွဲကာ ကားထဲဝင်၍ သူ့အိမ်သို့ ပြန်လာခဲ့သည်
အိမ်ရောက်တော့ အလုပ်သမားတွေကို အဖွားအတွက် အခန်းတွေ အကုန် ပြင်ဆင်ခိုင်းကာ အိမ်ဖော်တွေ နဲ့ ကျန်အလုပ်သမားတစ်ချို့ကိုလဲ အဖွားကို ဂရုစိုက်ရန်မှာကြားပြီးနောက် အလုပ်သို့ ပြန်ထွက်လာခဲ့သည်
**********
"ဒီအတန်းကို ဒီနေ့ ကျောင်းသူအသစ်ရောက်တယ်နော် အတနိးဖော်တွေ အနေနဲ့ သူကို ဝိုင်းပြီး ကူညီပေးလိုက်ကြပါအုန်း"
ВЫ ЧИТАЕТЕ
Chit ya thu 💞Oø💞 (Complete)
Любовные романыwp မှာ ပထမဆုံးရေးတာပါ အမှားပါရင် ခွင့်လွတ်ကြပါ လိုအပ်တာ ရှိလဲ ပြောကြပါနော်??? #Wai