#unicode
"အကို့ ကျွန်တော့ကိုချစ်လား"
အလုပ်လုပ်နေတဲ့ ဖြိုးမြတ်နောက်ကိုတစ်ချိန်လုံးလိုက်ကပ်ကာ မေးနေတဲ့ဝေယံ ဒီလိုမေးနေတာကို ဖြိုးမြတ်ကတော့ ရိုးနေပါပြီ အမြဲလိုလိုမေးနေကြစကားဖြစ်ေနတာကို ဒါပေမယ့် အခုတော့မဖြစ်ဘူး အခုအိမ်မှာသူတို့ပဲရှိနေတာ မဟုတ်ဘူးလေ ဦးချမ်းမြေ့ကလဲ ဒီနေ့တစ်ရက်အလုပ်မသွားဘဲ အိမ်မှာနားမှာဆိုတော့ ဖြိုးမြတ် ဝေယံကိုတားရသည်
"ဝေယံ အကိုပြောနေတယ်လေ အကိုချမ်းမြေ့ကြားသွားမယ်လို့ သူကြားသွားရင် တစ်မျိုးထင်ပြီး ဝေယံ့ကိုဆူနေလိမ့်မယ်"
"အကိုကမှ ဝေယံ့ကိုမဖြေသေးတာ ချစ်လားလို့မေးနေတာကြာပြီကို"
"ဝေယံ အကို့စကားနားထောင်ပါကွာ အကိုအလုပ်လုပ်တော့မယ် ဝေယံကအပေါ်တက်တော့နော်"
"မရဘူး လေးလေးကအပေါ်မှာ သျှားမာန်နဲ့လေ ကျွန်တော်တို့ကိုသတိတောင်ထားမိမှာ မဟုတ်ဘူး အဖြေပေးဗျာ ချစ်လားလို့"
လက်မောင်းကိုဖက်တွယ်ကာပြောနေတဲ့ ဘေးကဝေယံကိုကြည့်ရင်း ဖြိုးမြတ်သက်ပြင်းချလိုက်သည်
ဖြိုးမြတ်ကဝေယံ့ကိုအရင်ကလို ဂရုမစိုက်တာမျိုးမလုပ်တော့ဘဲ ဝေယံ့ခံစားချက်တွေကိုငဲ့ကြည့်ပေးပေမယ့် ဖြိုးမြတ်ဝေယံ့ကို တွဲဖို့လုံးဝမတွေးခဲ့ဘူး ချစ်တယ်လို့လဲတစ်ခါမှထုတ်မပြောခဲ့ဘူး ဖြိုးမြတ်ကဝေယံ့ကို ညီလေးတစ်ယောက်လိုပဲစောင့်ရှောက်ခဲ့တယ်
"ဝေယံ တော်တော့ကွာ အကိုချမ်းမြေ့က အကို့ကို ဒါေတွအပြီးလုပ်ခိုင်းထားတာ ဝေယံလာရှုပ်နေလို့ မပြီးရင် အကိုအဆူခံရလိမ့်မယ်"
"ဝေယံ!!"
တံခါးဝကအသံကြားလို့ဝေယံရော ဖြိုးမြတ်ပါ လှည့်ကြည့်လိုက်မိသည်
"မေမေ!!"
"မမသက်ထား!!"
ဖြိုးမြတ်ရော ဝေယံပါ ပြိုင်တူရေရွတ်မိကြသည်
ဒေါ်သက်ထားဆိုတာ ဝေယံ့အမေလေ ဝေယံ့အမေနဲ့အေဖက နိုင်ငံခြားမှာပဲအမြဲနေတယ် မြန်မာနိုင်ငံကိုပြန်မလာတာတောင်ကြာပြီ အခုပြန်လာတာကလဲ ခဏတဖြုတ်ပဲနေမယ်ထင်တယ်
YOU ARE READING
Chit ya thu 💞Oø💞 (Complete)
Romancewp မှာ ပထမဆုံးရေးတာပါ အမှားပါရင် ခွင့်လွတ်ကြပါ လိုအပ်တာ ရှိလဲ ပြောကြပါနော်??? #Wai