Ep33💞

1.8K 78 2
                                    

#unicode

"ကလေး ထတော့လေ ဘယ်ချိန်ထိအိပ်ဖို့လဲ"

"မထချင်ဘူး ဦး"

"အပျင်းကြီးမနေနဲ့ ထတော့ကလေး"

"ဟွန့် ဘယ်သူကအပျင်းကြီးနေလို့လဲ"

ကျွန်တော့ကိုပြန်ပြောရင်း စောင်ခေါင်းမူးခြုံသွားတဲ့ ကလေး... တကယ်မလွယ်ဘူးဗျာ ဒီကောင်လေးကလေ အရင်ကအရမ်းသွက်လက်တာ အခုမှဒီကောင်လေးတောင် တော်တော် အပျင်းကြီးတတ်နေပြီ.....

ဆက်အိပ်နေတဲ့ ကလေးကို မနှိုးတော့ဘဲ ရေချိုးခန်းထဲဝင်ရင်းသာ ပြင်ဆင်စရာရှိတာ ပြင်ဆင်လိုက်တော့တယ်.....

ရေချိုးခန်းထဲကထွက်လာတော့လဲ ဒီကောင်လေးကမထသေး..... ကျွန်တော်ပြုံးလိုက်မိရင်း သူဘေးဝင်ထိုင်ကာ စောင်ပုံထဲကသူ့ကိုငုံ့နမ်းလိုက်တော့ မျက်လုံးလေးတွေပွင့်လာတဲ့ ကလေး.....

အိပ်ချင်မူးတူးရုပ်လေးကတကယ်ချစ်စရာလေးပါဗျာ..

"ကလေးရာ ထတော့လေကွာ ကိုယ်အလုပ်သွားရတော့မယ် ကိုယ့်ကိုမနှုတ်ဆက်တော့ဘူးလား"

"ဦးအလုပ်သွားတာကို နှုတ်ဆက်စရာလိုသေးလို့လား"

"ဟောဗျာ လိုတာပေါ့ ကလေးနှုတ်ဆက်မှ ကိုယ်တစ်‌ေန့လံုးအလုပ်လုပ်ရတာ အားရှိမှာလေ"

"ပိုပြန်ပြီ ဦးကတော့ Bye bye ကျေနပ်ပြီလား သွားတော့"

"အဲ့လိုနှုတ်ဆက်ခိုင်းတာ မဟုတ်ဘူးလေ ကိုယ်အားရှိအောင် အနမ်းပေးလေကွာ"

"ဦးကလဲဗျာ ကျွန်တော်မထနိုင်ဘူး ညကလဲအဝနမ်းပြီးပြီကို မကျေနပ်သေးဘူးလား အခုကျွန်တော်မထနိုင်ဘူး အဲ့ဒါဦးအပြစ်လေ"

"ဟားဟား....."

ကျွန်တော်အော်ရယ်မိတော့တယ် ညကကျွန်တော်သူ့ကိုတကယ်ကြမ်းမိထားတာ ဒါပေမယ့်လဲ ကျွန်တော် morning kissလေးတော့လိုချင်တယ်လေ.....

"လုပ်ပါကွာ ကိုယ့်ကိုတစ်ခါလေးပဲနမ်း ပြီးရင်ပြန်အိပ်လေနော်"

"ဦးကတော့ဗျာ...."

စိတ်ရှုပ်တဲ့ပုံစံလေးနဲ့ ကုန်းထကာကျွန်တော့ပုခုံးပေါ်လက်တွေတင်လာရင်း ကျွန်တော့ပါးကို အနမ်းခြွေတဲ့ ကလေး..... ကိုယ်လိုချင်တာ ပါးမှ မဟုတ်ဘဲ နှုတ်ခမ်းလေ....

Chit ya thu 💞Oø💞 (Complete)Donde viven las historias. Descúbrelo ahora