Ep8💞

2.3K 99 0
                                    

#unicode

"အကို့ ဝေယံရော"

မနက်မိုးလင်းတော့ ပြင်ဆင်စရာရှိတာ ပြင်ဆင်ပြီး အိမ်အောက်ထပ်ဆင်းလာတဲ့ သျှားမာန် တစ်ယောက် ဝေယံကို မမြင်လို့ ဖြိုးမြတ်အား မေးလိုက်ခြင်းဖြစ်သည်

"မနိုးလောက်သေးဘူး အကိုသွားနှိုးလိုက်မယ်"

"ဟုတ်"

ဖြိုးမြတ် ထွက်သွားတော့ သျှားမာန် တစ်ယောက်ထဲ ဧည့်ခန်း၌ ကျန်ခဲ့လေသည်

"ဒီကောင် အခုထိမထသေးဘူး အိပ်ပုပ်ကြီးလိုက်တာကွာ"

"ဘာတွေ တစ်ယောက်ထဲ ပြောနေတာလဲ"

အနောက်မှ ဦးချမ်းမြေ့ အသံလဲ ကြားရော သျှားမာန် စိတ်ပျက်သလို ပုံစံဖြင့်ပြောလိုက်သည်

"ကျွန်တော့ဟာ ကျွန်တော် ဘာပြောပြောပေါ့ ခင်များ အပူပါလို့လား"

ဦးချမ်းမြေ့ နှုတ်ခမ်းလေး တစ်ဖတ် ပင့်ကာ ရီလိုက်ပြီး

"စကားကို ယဉ်ယဉ်ကျေးကျေးပြောဖို့ပြောထားတယ်လေ"

"ခင်များကို ဘာလို့ အဲ့လိုပြောရမှာလဲ  မပြောနိုင်ဘူး"

"မင်းက တကယ် မလွယ်ဘူးဘဲ ငါအပြစ်ပေးတာလိုချင်တာလား"

"ဟင့်...ခင်များက ကျွန်တော့ အပြစ်ပေးမယ် ဟုတ်လား ပေးရဲလား ပေးရဲရင် ပေးကြည့်လေ"

"မင်းလေးက တကယ် အကြောတင်းလေးပဲ"

"မပေးရဲဘူးမှတ်လား"

ဦးချမ်းမြေ့ စကားတွေ ထပ်ပြောမနေတော့ဘဲ ရှေ့သို့ တိုးကာ သျှားမာန်ခါးအား လှမ်းဆွဲပြီး နှုတ်ခမ်းသားအား နမ်းရှိုက်လေသည်

သျှားမာန် တစ်ခနမျှ ကြောင်အမ်းသွားပြီး သတိပြန်ဝင်လာတော့ ဦးချမ်းမြေ့ ရင်ဘတ်အား ထုကာ တွန်းနေသော်လဲ ဦးချမ်းမြေ့ရဲ့ လက်တစ်ဖတ်က ခါးကို တင်းကျပ်စွာဖတ်ထားပြီး တစ်ဖတ်က ဂုတ်နားအား ဖိကာ ကိုင်ထားသည်

ဦးချမ်းမြေ့ သျှားမာန် နှုတ်ခမ်းများအား စုတ်ယူ စားသုံးပြီး နောက် အောက်နှုတ်ခမ်းလေးအား တစ်ချက်ကိုက်ပြီးမျှ ခွာပေးလိုက်သည်

သျှားမာန် နှုတ်ခမ်းအား လက်ဖြင့် အားနဲ့ ဆွဲသုတ်လိုက်ကာ

Chit ya thu 💞Oø💞 (Complete)Dove le storie prendono vita. Scoprilo ora