Ep46💞

1.7K 67 3
                                    

#unicode

သူရ အဂ္ဂကားပေါ်ကဆင်းပြီးတာနဲ့ taxiအမြန်ငှားပြီး သျှားမာန်တို့ဆီပြန်လာခဲ့တယ် တစ်လမ်းလုံးပူပန်စွာနဲ့ ကားဆရာကိုအမြန်မောင်းပေးဖို့သာ တတွတ်တွတ်ပြောနေမိတယ် မားကတ်ကိုရောက်တာနဲ့ အမြန်သျှားမာန်တို့ကျန်ခဲ့တဲ့နေရာကိုသွားခဲ့ပေမယ့် !မရှိတော့ဘူး ဘယ်သူမှမရှိတော့ဘူး!

ခြေမကိုင်မိလက်မကိုင်မိနဲ့ ထိုင်ပြီးသာအော်နေမိတယ် အားလုံးကျွန်တော်မှားတာ ကျွန်တော့အမှား ကျွန်တော့ကြောင့်အားလုံးအခုလိုတွေရှုပ်ထွေးကုန်တာ အစောကြီးကတည်းက ကျွန်တော်ခင်များနဲ့မပတ်သက်ခဲ့သင့်ဘူး

'တီ...တီ....'

ကားဟွန်းသံကြားလို့ လှည့်ကြည့်မိတော့ အသည်းအသန်မောင်းလာတဲ့ကားတစ်စီး အနီးနားရောက်မှ ကားပေါ်ကဆင်းလာတဲ့သူတွေက ဦးချမ်းမြေ့နဲ့ အကိုဖြိုးမြတ်.....

"ဘာဖြစ်တာလဲ သျှားမာန်တို့ရော??"

"သူတို့ သူတို့ မတွေ့တော့ဘူး"

"ဘာ!!!"

ငိုယိုပြီးပြောနေတဲ့ သူရကို ဦးချမ်းမြေ့အရမ်းဒေါသထွက်နေတာတွေ့တော့ ဖြိုးမြတ်ကပဲ ကြားထဲကဝင်တားနေရတယ်

"အကို့ စိတ်အေးအေးထား သူတို့ကိုအရင်ရှာကြရအောင် သူရလဲ စိတ်လျှော့ထားနော် မငိုနဲ့တော့ အကိုတို့ကိုဘာတွေဖြစ်ခဲ့လဲ အကုန်ပြောပြ"

"ကျွန်တော် ကျွန်တော်တို့ ကားပါကင်ကိုရောက်တော့ အကို့ကားကိုလိုက်ရှာတယ် ရှာမတွေ့‌တာနဲ့ ဝေယံ့ကိုအကို့ကိုဖုန်းဆက်ဖို့ ပြောလိုက်တာ အာ့နဲ့ဝေယံဖုန်းဆက်ခေါ်တယ် အကို့ကိုဖုန်းဆက်နေတုန်း ရုတ်တရက်ကားတစ်စီးက အသားကုန်မောင်းလာပြီး ကျွန်တော်တို့နားမှာရပ်သွားတယ် ပြီး ပြီးတော့ အကိုအဂ္ဂထွက်လာတာပဲ အဲ့ကားထဲက သူပြော သူပြောတာက အကုန်လုံးကိုကားထဲဝင်ခိုင်းတာ ကျွန်တော်တို့လဲ ရုတ်တရက်ဆိုတော့ ဘယ်သူကမှ ဝင်မသွားကြဘူး အဲ့အတိုင်းရပ်နေခဲ့ကြတယ် နောက်တော့ အကိုအဂ္ဂက ကျွန်တော့ကိုဆွဲခေါ်ပြီး ကားပေါ်တင်သွားတာပဲ နောက်တော့သူပြောတယ် ကျွန်တော်တို့နောက်ကိုလူသုံးယောက် လိုက်လာတယ်တဲ့ အဲ့လူတွေက ကျွန်တော့ကိုပစ်မှတ်ထားတာတဲ့ ကျွန်တော်လဲ အရမ်းစိတ်တိုပြီး သူ့ကိုထားခဲ့ပြီး ဒီကိုပြန်လာခဲ့တာ ဒါပေမယ့် ဒီရောက်တော့ ဒီမှာ ဘယ်သူမှမရှိတော့ဘူး ကျွန်တော် ကျွန်တော်တောင်းပန်ပါတယ် ကျွန်တော့ကြောင့်ဖြစ်သွားခဲ့တာ"

Chit ya thu 💞Oø💞 (Complete)Место, где живут истории. Откройте их для себя