#unicode
"ဝေယံ့ကိုသိမ်းပိုက်ပါလား အကို"
"????"
"နော်လို့အဲ့ဒါမှ ဘယ်သူမှဝေယံတို့ကိုခွဲလို့မရတော့မှာ"
"တော်တော့ဝေယံ မဟုတ်တာတွေမပြောနဲ့"
"ဘာလို့လဲ အကိုကကျွန်တော့ကိုပိုင်သွားပြီဆို မေမေလဲကျွန်တော်တို့ကိုခွဲလို့မရတော့ဘူးလေ"
ကျွန်တော်လှဲနေရာကနေ ထထိုင်လိုက်တော့ ဝေယံပါထလာတယ် ဒီကလေးကမခွဲချင်တာနဲ့ပေါက်ကရတွေတွေးတော့တာပဲ
"ဝေယံ အဲ့လိုလုပ်ဖို့မလိုဘူးလေ ဝေယံ အကိုတို့ချစ်ခြင်းကခိုင်မြဲနေရင်ပြီးရောလေ အဲ့လိုဆို ဝေယံ့မေမေလဲ အကိုတို့ကိုခွဲနိုင်မှာ မဟုတ်တော့ဘူး ပြီးတော့အက်ုချမ်းမြေ့ကလဲ အကိုတို့ကိုကူညီမယ်လို့ ပြောထားတယ်လေ"
"ဒါပေမယ့် လေးလေးကူညီလဲအဆင်ပြေမယ် မထင်ဘူး"
"ဒါဆိုအခုလိုလုပ်တော့ရော အဆင်ပြေမှာလား"
"ဘာလို့အကိုကငြင်းဆန်နေတာလဲ ဝေယံ့ကိုမချစ်ဘူးလား"
"မဟုတ်ဘူးလေ ဝေယံ အကိုပြောတာနားထောင် အကိုဝေယံ့ကိုချစ်တာပေါ့ ချစ်လွန်းလို့လဲ အခုလိုမလုပ်ရက်တာ"
"မပြောနဲ့ ညာတာ အကို့ကိုဝေယံအရင်ကလဲ အခွင့်အရေးတွေအများကြီးပေးဖူးတယ် ဒါပေမယ့်အကိုကဝေယံ့ကိုမချစ်လို့ ဘာဆိုဘာမှမလုပ်ခဲ့တာပေါ့ နမ်းတာလေးတောင် အရင်ကဝေယံကလိုက်နမ်းရင်တောင် အကိုအမြဲငြင်းဆန်တယ် အကိုဝေယံ့ကိုမချစ်ပါဘူး"
ငိုနေပြီဖြစ်တဲ့ကောင်လေးကို ကျွန်တော်ဆက်ပြောနေရင် ပိုဆိုးတော့မှာ ကျွန်တော်သူ့ကိုယ်လေးကိုသာ ဆွဲဖက်ထားလိုက်ရင်း
"အကိုတောင်းပန်ပါတယ် ဝေယံ အရင်ကကိစ္စတွေ အကိုမှားခဲ့ပါတယ် အကိုတောင်းပန်တယ်နော် မငိုနဲ့တော့နော် တခြားသူတွေအိပ်နေကြပြီ ဝေယံရဲ့ သူတို့နိုးလာလိမ့်မယ် မငိုနဲ့နော်"
"အကိုရဲ့ဘဝတစ်ခုလုံး ဝေယံ့ကိုမပေးနိုင်ဘူးလား အကိုနှလုံးသားရော အကို့စိတ်အကို့ခန္ဓာ အကုန်ဝေယံ့ကိုမပေးနိုင်ဘူးလား"
YOU ARE READING
Chit ya thu 💞Oø💞 (Complete)
Romancewp မှာ ပထမဆုံးရေးတာပါ အမှားပါရင် ခွင့်လွတ်ကြပါ လိုအပ်တာ ရှိလဲ ပြောကြပါနော်??? #Wai