သာမာန်အတိုင်း တိတ်ဆိတ်နေတဲ့ လမ်းမြှောင်
လေးထဲ လျှောက်ရင်း ဟိုတွေးဒီတွေး ဖြစ်နေသူက
ရှောင်းကျန့်။အမြဲ လာကြိုတာခံရတဲ့ သူ့ကိုယ်က
အလိုလိုက်ခံထားရတဲ့ကလေးများလို ဆိုးချင်တတ်
နေပြီ။"အားးးးဖွင့်ပြောလိုက်တာမှားပြီလားကွာ"
ခြေဆောင့်လို့ ဆံပင်တွေကိုဆွဲဖွမိတော့ လမ်းမ
လေးထဲရှောင်းကျန့်အသံသာပဲ့တင်ထပ်သွားတယ်။
သတိတရ ပတ်ဝန်းကျင်ကိုငေးမိမှ
တစ်ယောက်တည်း ဖြစ်နေမှန်းသိပြီး ကြက်သီး
ထရတဲ့အဖြစ်။သာမာန်ထက် ဒီလမ်းက
ပိုတိတ်နေသလားလို့....လွယ်အိတ်ကိုရင်ဘတ်ထဲထည့်လို့ ခြေလှမ်း
မှန်မှန်လေးလျှောက်မိတော့ နောက်မှာကပ်ပါ
လာတဲ့ခြေသံတစ်ခု။ကျောက်စရစ်ခဲတွေကို
လျှပ်တိုက် လျှောက်လာပြီး ရှောင်းကျန့်နားကို
တိုးသထက်တိုးလာတာမို့ နားသယ်စပ်ကမွေးညှင်း
တွေတောင် ထောင်ကုန်ပြီ။"အမေ့!!"
ပခုံးကနေဆွဲလှည့်လိုက်တဲ့ လက်ကြမ်းရှရှ
တစ်စုံကြောင့် ရှောင်းကျန့်ထအော်မိတယ်။
မှိတ်ထားမိတဲ့မျက်လုံးတွေကို ဖြည်းဖြည်းချင်း
မ၀ံ့မရဲဖွင့်လိုက်မိချိန် မှာတော့..."လုဟိုင်!"
"အင်း..."
"လန့်သွားတာပဲဗျာ။"
ရင်ဘတ်ကိုဖိလို့ပေါ့ပေါ့ပါးပါးပြောတဲ့ ရှောင်းကျန့်
ကို လုဟိုင်တစ်ယောက်မျက်တောင်မခတ်
ငေးနေတာမို့ ခါးကိုဆန့်ရင်း အနေအထား
ပြင်လိုက်မိသည်။"အဟမ်း!ဘာဖြစ်လို့လဲ"
"ဘာလို့ ငါ့ဆီမလာတော့တာလဲ"
မီးရောင်မပီပြင်တဲ့ကြားထဲက မြင်လိုက်ရသည့်
မျက်ရည်တစ်စက်။အခုတလော လုဟိုင်ပုံစံက
တွေ့စကလို ကြမ်းတမ်းမနေတော့ဘဲ
တစ်ခုခုကို လွမ်းဆွေးပုံပေါက်တာမို့ ရှောင်းကျန့်
အရင်ကလို မကြောက်တော့တာအမှန်။"ခင်ဗျား အဆင်ပြေရဲ့လား"
ခေါင်းကိုခါရမ်းလို့ လုဟိုင်အဖြေပေးသည်နှင့်
ပါးပြင်ပေါ်ဖြတ်ပြေးသွားသော မျက်ရည်
တစ်စက်။
YOU ARE READING
Thunder(Completed}
Fanfictionငါကသားချော့တေးမဟုတ်ဘူးချစ်သူ! ငါကသားချော့တေးမဟုတ်ဘူးချစ်သူ!