Part 2

6.9K 931 59
                                        

မျက်ခွံတွေလေးနေတာသိပြီး တစ်ကိုယ်လုံး
ပူနေတာခံစားမိပေမဲ့ ရှောင်းကျန့် မျက်လုံးတွေကို
ကသိုက်ကရိုက်ဖွင့်လိုက်မိသည်။ဝေဝါးနေတဲ့
အမြင်တစ်ချို့နဲ့ မူးနောက်သွားတဲ့ ဦးခေါင်းကို
အလေးမထားမိ။ပတ်ဝန်းကျင်ကစိမ်းသက်နေရင်
တောင် ဒါဟာအထူးအဆန်းမဟုတ်တော့ပါ။

အလင်းရောင်ဖျဖျတိုးဝင်နေတဲ့ ပြတင်းပေါက်ရဲ့
တစ်ဖက်မှာ ထွက်ခါစနေမင်းက ခေါင်းတည်
နေလေပြီ။ကုတင်ပေါ်က အမြန်ဆင်းလို့
ထွက်သွားရမဲ့ တံခါးပေါက်ကို ရှာဖွေနေတုန်းမှာ
သူ့ကျောဘက်က အေးစက်စက်အငွေ့အသက်နဲ့
အတူ ရှောင်းကျန့်လက်တွေ အချုပ်ခံလိုက်ရသည်။

"ဘာလုပ်ဖို့တွေးနေတာလဲ!!"

သြရှရှအသံကြောင့် ဦးနှောက်ကအလုပ်ပေးမှုနဲ့
ညတစ်ညရဲ့အဖြစ်အပျက်တွေက ခေါင်းထဲ
အစီအရီတိုးဝင်လာကုန်သည်။

သူ...ရှောင်းကျန့်ကိုကယ်တဲ့လူ။

ဒဏ်ရာထပ်နေတဲ့သူ့လက်တွေကိုမညှာမတာ
ဖိဆုပ်ထားတဲ့ထိုလူကရှောင်းကျန့်အဖြေမပေး
မချင်းလက်လွှတ်ပေးမဲ့ပုံမပေါ်။

"ကျွန်..ကျွန်တော် ခင်ဗျားကိုဘာမှမလုပ်ပါဘူး"

ရယ်သံတိုးတိုးက ရှောင်းကျန့်နားထင်နားမှ
ဖြတ်ပြေးသွားပြီး ဖမ်းချုပ်ခံထားခြင်းမှလွတ်မြောက်
သွားတဲ့ သူလက်ကောက်ဝတ်တွေ။

"အားနည်းတဲ့လူတစ်ယောက်က ငါ့ကိုဘာလုပ်
ချင်သေးလို့လဲ?"

ကုတင်ပေါ်မှာ လက်တွေကိုနောက်မှာထောက်ရင်း
ခပ်အေးအေးကြည့်လာတဲ့သူက မျက်ခုံးတစ်ဖက်
ပင့်ပြသည်။မလှမ်းမကမ်း ကနေကြည့်တာတောင်
ထင်လွန်း လင်းလက်လွန်းတဲ့ထိုလူ။
အနက်ရောင်အပြည့်ဖြစ်နေတဲ့ဝတ်စုံတွေက
သူ့အသားအရေ ဖြူစွတ်စွတ်နဲ့ လိုက်ဖက်လွန်းစွာ
ရှိနေသည်။သွေးကြောတွေထင်းနေသည့် လက်ဖမိုး
တစ်စုံဆီ အကြည့်ရောက်မိတော့ ဒဏ်ရာတွေနဲ့
ညိုရင်းနေတဲ့ ကိုယ့်လက်တွေကို အကျီ င်္လက်ထဲ
ဖွက်လို့ ခေါင်းကိုသာငုံ့ထားရင်းမှ..

"အဲ့နေ့ကအတွက်ကျေးဇူးတင်ပါတယ်"

"မလိုဘူး!"

Thunder(Completed}Onde histórias criam vida. Descubra agora