Part 16

3.7K 703 35
                                    

"ရှောင်းကျန့်ကို ဘာလို့ အလုပ်မလုပ်ခိုင်းတော့
တာလဲ"

"ငါ့နားက ထွက်သွားမှာစိုးလို့"

"ကျစ်!"

ဆေးလွယ်အိတ်ကို ခုံပေါ်ပစ်တင်လိုက်တဲ့
ယွီပင်းစိတ်ပျက်သလို ဟန်ပြလာသည်။ရိပေါ်
တစ်ယောက် အပြင်လောကဆီ အကြည့်ပို့ထား
ရင်းက ဒေါသထွက်နေမည့်ယွီပင်းဘက်
လှည့်ရင်း

"ဘာတွေ ဒေါသထွက်နေတာလဲ။အလုပ်လေး
ထွက်ခိုင်းလိုက်တာ အဲ့လောက် ခံစားပေးနေစရာ
လိုလို့လား"

"ခင်ဗျား အတ္တကြီးလိုက်တာဝမ်ရိပေါ်။သူ့ဘ၀ကို
သာမာန်လူတွေလိုဖြတ်သန်းခွင့်လေးပေးလိုက်ပါ"

"သူတောင် ဘာမှမဖြစ်ဘူး။မင်းက ဘာဖြစ်
နေတာလဲ?"

"သူက ခင်ဗျားကိုကယ်တင်ရှင်လို့ပဲမြင်ထားတာ။
သူ့ကိုယ်သူ ၀ိဉာဉ်ပိုင်ရှင်မှန်းသိပေမဲ့ မိစ္ဆာတွေ
ဘာကြောင့် လိုက်ကပ်နေမှန်းသူမသိဘူး။
တစ်ချိန်မှာခင်ဗျားက သူ့ကိုအတ္တစိတ်နဲ့အနားမှာ
ထားခဲ့တာမှန်း သိရင်....."

ဆက်မပြောနိုင်တော့သည့် ယွီပင်းမျက်ဝန်းမှာ
ငွေ့ရည်တွေဖွဲ့လာသည်။လေထုရဲ့အေးစက်မှုနဲ့
အတူသူတို့ကြားက စကားလုံးတို့ရဲ့အေးစက်မှု။

"ငါ့မျိုးနွယ်ကို ကယ်တင်ဖို့ ဘယ်သူ့ကိုမှထည့်မတွေးပေးနိုင်ဘူးယွီပင်း။"

"...."

"ငါ စောင့်ခဲ့ရတဲ့အချိန်ကာလတွေနဲ့ယှဉ်ရင်
ဒီခံစားချက်ဆိုတာ ထည့်မတွက်သင့်တဲ့ အပေါ်ယံ
လေးပဲ။ငါသူ့ကို မထိန်းချုပ်ထားရင် သူလုဟိုင်နဲ့
ရင်းနှီးသွားလိမ့်မယ်။သူ့ဘ၀ကို အဆုံးသတ်ပေးမဲ့
ဘယ်မိစ္ဆာကမှ ကြင်နာကြတဲ့အမျိုးအစားထဲ
မပါဘူး"

"ကျွန်တော် တောင်းဆိုတာက အဲ့အချိန်မရောက်
ခင်လေးမှာ သာမာန်လူလို နေဖို့ခွင့်ပြုပေးဖို့ပါ။
သူ့တစ်ဘ၀လုံး မပျော်ခဲ့ရဘူး ရိပေါ်။ဒီအခိုက်တန့်
လေးမှာ လူတစ်ယောက်ဘ၀ရဲ့ ပျော်ရွှင်မှုလေးကို
ခံစားခွင့်ပေးလိုက်ပါလား။"

ခပ်တွေတွေရပ်နေသည့် ရိပေါ်ထံမှ စကားသံ
တို့ကို အသက်ရူအောင့်လျက်သားနှင့်ယွီပင်း
စောင့်နေမိသည်။တောင်းဆိုမှုတွေ ပြည့်နေသည့်
သူ့မျက်ဝန်းတွေကြောင့် သက်ပြင်းချလို့
တစ်ဖက်လှည့်သွားသည့်ရိပေါ်က....

Thunder(Completed}Where stories live. Discover now