Part 30

7.6K 644 88
                                    

အပ်ကျသံကြားရမတတ်တိတ်ဆိတ်သွားတဲ့
ဝံပုလွေအုပ်စုကြီး။အသက်ရူသံခပ်ပြင်းပြင်း
တွေကလွဲလို့ အားလုံး နှုတ်ဆိတ်နေမိကြသည်။
ချောက်ကမ်းပါးလေးရဲ့ ထိပ်မှာ ရပ်နေသည့်
ရိပေါ်ထံမှလည်း ဘာစကားမှထပ်မထွက်လာတော့။

"အရှင့်သား ဝိဉာဥ်ပိုင်ရှင်ကိုရှာတွေ့နေပြီဆို။
အခုဘယ်လိုဖြစ်တာလဲ?"

မနေနိုင်သူတစ်ယောက်က အုပ်စုထဲမှ အသံ
ထွက်လာသည်။ထိုလူ့မေးခွန်းကို အားလုံးက
သိချင်ကြသည့်ပုံစံဖြင့်အကြည့်တွေအားလုံး
ရိပေါ်ဆီပို့လာတာမို့ ...

"ငါကိုယ်တော်ရဲ့ ဝိဉာဥ်နဲ့လည်း အဆင်ပြေနေတာပဲကို။ဒီချောက်ကမ်းပါးထဲကို ငါ
ခုန်ချလိုက်တာနဲ့ မင်းတို့ကိုယ်ကအမြုတေတွေအားပြည့်လာမှာပဲ။လိုချင်တာ အဲ့တာမဟုတ်ဘူးလား"

ရိပေါ်စကားကြောင့် သေနာပတိကြီးက
မျက်စိစုံမှိတ်လို့ သက်ပြင်းချသည်။
ဒီကလေးကိုနှလုံးသားတွေအကြောင်းသင်ဖို့
အချိန်မပေးခဲ့မိဘူး....

"ကျွန်တော်မျိုးတို့က အမြုတေကြောင့်
အခုလိုလုပ်နေတာဆို လွန်ခဲ့တဲ့နှစ်တွေတည်းက
အရှင့်သားကို လူ့ပြည်လွှတ်ပြီး အချိန်ဖြုန်းနေမှာမဟုတ်ဘူး။ကျွန်တော်တို့ ဝံပုလွေမျိုးနွယ်က
ခေါင်းဆောင်အပေါ် သစ္စာရှိတယ်။နန်းသွေးနဲ့
အမြုတေအားဖြည့်ဖို့ ဘယ်တော့မှ လုပ်မှာ
မဟုတ်ဘူး"

ထိုလူ့စကားအဆုံးမှာ ငိုင်တွေသွားသည့်ရိပေါ်။
လမ်းပျောက်နေပါတယ်ဆို အမှောင်ဖုံးခံလိုက်ရသည့်လူလို ကူကယ်ရာမဲ့သည်ထက်ဆိုးလွန်းသောခံစားချက်။နောက်ဆုံးတော့ အားလုံးက
တောထဲသွားဖို့ စကားစလာကြသည်။

"ရှာမတွေ့ခဲ့ဘူးဆိုရင်လည်း တောထဲသွားရှောင်ဖို့အချိန်ရှိပါသေးတယ်။အားလုံး ..."

တစ်စုံတစ်ယောက်ရဲ့ ဆော်သြသံအဆုံး
အားလုံး နန်းတော်တံခါးဝဆီ ခြေဥိးလှည့်သွားကြသည်။အလျှိုအလျှို ထွက်ဖို့ပြင်သွားကြတာမို့
ကျန်ရစ်နေခဲ့သူက သေနာပတိကြီးနှင့်
ချောက်ကမ်းပါးထိပ်က ရိပေါ်သာ။

စိတ်ပျက်သလို ကြည့်သွားသည့် သေနာပတိကြီးရဲ့အကြည့်ကို သူသက်ပြင်းနှင့်သာ တုန့်ပြန်နိုင်သည်။တကယ်ဆိုရှောင်းကျန့်ပြောသည့်အတိုင်းတကယ်ကိုတစ်ကိုယ်ကောင်းသမား
အစစ်ဖြစ်နေပြီ။

Thunder(Completed}Where stories live. Discover now