"ဘာလို့ ကျွန်တော့်ဆီ ပြန်လာတာလဲ"
ရှောင်းကျန့်က ရိပေါ်မျက်လုံးတွေထဲစိုက်ကြည့်
လို့အဖြေရှာသည်။ပါးပြင်တစ်ဖက် ခပ်ဖွဖွလေး
ဖိဆုပ်တာခံလိုက်ရပြီး ထပ်ပေးလာသည့်
မွတ်သိပ်သောအနမ်းတွေ။ခါးကနေ သိမ်းဖက်လို့ သူ့အနားကို အတင်းနဲ့
ကပ်ယူသည်။ရိပေါ်ရင်ဘတ်ကို တွန်းဖို့
ပြင်ထားသည့်ရှောင်းကျန့်လက်လေးတွေက
အားထည့်လို့မရအောင် ကိုယ်နှစ်ခုကြား
ညှပ်မိနေပြီ။အခုထိ ရှောင်းကျန့်မေးခွန်းကို
မဖြေသေးဘဲ သူလုပ်ချင်ရာသာလုပ်နေတာမို့
ရင်ထဲထိတ်ရပြန်သည်။အခုပေးတဲ့အနမ်း
တွေကရော ဘာလိုချင်လို့ရက်ရောနေတာပါလိမ့်။"မင်းငါ့နားမှာ တစ်သက်လုံးနေပေးမယ်
မဟုတ်လား"အရင်လိုလှောင်ရယ်လိုက်ချင်သည့် ခွန်အားပင်
သူ့မှာရှိမနေ။ရိပေါ် မျက်ဝန်းတွေက တစ်ခုခုကို
လွန်ဆွဲနေသလိုမျိုး။"ကျွန်တော်က ခင်ဗျားလက်ထဲမှာပဲသေရမှာလေ"
"ရှောင်းကျန့်"
အတင်းကာရော စကားကိုတားသည့်ရိပေါ်က
ရှောင်းကျန့်လက်တွေကိုခပ်ဖွဖွ ဖိဆုပ်တယ်။
တစ်စိတ်...သူမျက်ရည်တွေဝဲနေတာလား...."ကိုယ်တောင်းပန်ပါတယ်။အရင်က ကိစ္စတွေ
အတွက် ကိုယ်ဘယ်လိုတောင်းပန်ရင်
မင်းကျေအေးပေးမှာလဲ..""ကျွန်တော့်ဆီက ကျေအေးမှုကိုဘာလို့
တောင်းနေတာလဲ။အဲ့တာကိုရလို့ ဘာကထူးခြား
သွားမှာမလို့လဲ""ကိုယ်မေးတာပဲဖြေပါ။ကိုယ် မင်းဆီက
ခွင့်လွှတ်တာ လိုချင်တယ်။မကျေနပ်သေးတာ
တွေရှိသေးလဲ ခွင့်လွှတ်တယ်ပဲပြောပေးပါ။
ကျန်တဲ့အပြစ် ကိုယ်မင်းနားမှာနေပြီးဆပ်ပါ့မယ်"သူ့စကားတို့ကိုနားမလည်သည့်တိုင်အောင်
အမိန့်တစ်ခုပေးနေတာတော့သိသည်။"ခွင့်လွှတ်ပါတယ်!"
"ဟား....ကျေးဇူးပါ"
ကျေနပ်ဝမ်းသာစွာ သူ့ရိုက်ရယ်သံနဲ့ ချိုလွန်းတဲ့
အပြုံးတွေ။မျက်နှာချင်းဆိုင် ထိုင်နေတဲ့
ရှောင်းကျန့်လက်မောင်းလေးကနေ ဆွဲယူလို့
သူ့ရင်ခွင်ထဲ သွင်းပြန်တယ်။