Part 29

4.9K 709 65
                                    

အမြင်အာရုံမကောင်းတော့ပေမဲ့ သူမနားထဲ
ဆတ်ဆတ်ကြားနေရသည့် ဆူငေါက်သံတွေ။
အရေတွန့်နေသည့်လက်ဖဝါးတစ်ဖက်က
ကျွန်းတံခါးကြီးကိုထိလို့ တစ်ဖက်ကို ရင်ဘတ်မှာ
ဖိယူထားရသည်။

"လွဲ့လွဲ့။အခန်းထဲပြန်နားရအောင်ပါ"

သူမနားမှအစောင့်အရှောက် ကောင်မလေးစကား
ကို ထိုအဖွားအိုကခေါင်းရမ်းပြသည်။
တစ်ဖက်အခန်းထဲကို ချက်ချင်းပြေးဝင်တော့မည့်
အလား သူမတစ်ကိုယ်လုံးက တံခါးရွက်ကြီးမှာ
မှီတွယ်လို့နေသည်။

"မသွားနိုင်ဘူး။သေနာပတိကြီး ရိပေါ်လေးကို
စိတ်တိုလို့နစ်ခုခုလုပ်လိုက်ရင်ဘယ်လိုလုပ်မလဲ"

လွဲ့လွဲ့စကားကြောင့်ကောင်မလေးမှ သက်ပြင်း
ချသည်။

"အိမ်ရှေ့စံကိုဆူငေါက်တာထက်ပိုပြီး
သေနာပတိကြီးက ဘာလုပ်နိုင်မှာလဲ။လွဲ့လွဲ့က
ကြားထဲကနေ ဖျားမှာစိုးလို့ကျွန်မကပြောနေတာ"

ထိုအခါမှ ဖြည်းဖြည်းချင်းလှည့်ကြည့်လာသည့်
မျက်ဝန်းမှိုင်းမှိုင်းတွေ။မျက်ရည်တွေနှင့် အကြည့်
တစ်ချက်တွင် ခံစားချက်တွေအများကြီးပါနေခဲ့
သည်ကိုထိုကလေးမ သိမည်မဟုတ်။

"သေနာပတိကြီးက တိုင်းပြည်နဲ့မျိုးနွယ်
အတွက်ပဲ သူ့အတွေးထဲမှာရှိတယ်။အိမ်ရှေ့စံရဲ့
ခံစားချက်မှန်သမျှကို ရူးပေါတယ်လို့
ထင်နေမှာပဲ။ဘာမှမသိသေးတဲ့ ကလေးသာသာ
အရွယ်လေးကို တာဝန်တွေတနင့်တပိုးပေးထား
ကတည်းက...."

အသက်မရူဘဲတရစက်ပြောလိုက်မိသည့် ဝါကျ
အဆုံးမှာ မောဟိုက်မှုနှင့် ရပ်တန့်လိုက်ရသည်။
အမှုထမ်းကောင်မလေးက သူမကိုယ်ကို
တွဲချီလို့ အဆောင်တော်ကူးခဲ့ပေမဲ့ စိတ်အစုံကား
ထိုအခန်းကြီးမှာသာ.....

☄️☄️☄️☄️☄️☄️

"ကျွန်တော် ဒီလိုဒူးထောက်ပြီးတောင်းပန်ပါတယ်။
သူ့ကိုကယ်ပေးပါ..."

ရိပေါ်စကားသံတို့ကား ငိုရိုက်သံတို့ရောစွက်လျက်။
ဓားရှည်တစ်လက်ကို ပြောင်လက်တဲ့အထိ
သုတ်နေသည့်သေနာပတိကြီးက စောစောက
ဆူငေါက်ခဲ့တာသူမဟုတ်သည်အတိုင်း
ငြိမ်သက်နေသည်။

Thunder(Completed}Where stories live. Discover now