ညသည်တိတ်ဆိတ်၏။
လူသူကင်းမဲ့နေသော ပတ်ဝန်းကျင်အမှောင်ထဲ
ပုစဉ်းရင်ကွဲအသံများက ညံစီစွာ။
ကားအသွားအလာမဲ့သော လမ်းမထက်
အေးစိမ့်နေသောပတ်ဝန်းကျင်အခြေအနေသည်က ကျောချမ်းဖွယ်တောအုပ်ထူထူကြီးတစ်ခုရဲ့ ပယောဂကြောင့်လဲဖြစ်ပေလိမ့်မည်။သဘာဝတိုင်းငြိမ်သက်နေသော ပတ်ဝန်းကျင်ဆီ
အသံကျယ်ကျယ်နဲ့တိုးဝင်နှောင့်ယှက်လာသည့်
ကားတစ်စီး။ကားမီးရောင်စူးစူးတွေက သစ်ကိုင်း
ပေါ်မှ ငှက်တစ်ချို့ အော်သံကျယ်ကျယ်နှင့်
လန့်ပြေးကုန်သည်အထိ။"ရှောင်းကျန့်!ဟိုရောက်ရင်ကလန်ကဆန်မလုပ်
နဲ့နော်"ပထမဆုံးသော စကားပြောသံ။
ကားထဲမှ လူသုံးယောက်ရှိသည့်အနက် ရှေ့ခန်းမှ
လူကြီးတစ်ယောက်ပြောစကားအဆုံး ပျက်ယွင်း
သွားတဲ့ကားမောင်းသူမျက်နှာ။ကားနောက်ခန်းက
အဖြူရောင်အရိပ်ကလေးတစ်ခုသည်က ဦးခေါင်းကို
ငုံ့လျက် ဒဏ်ရာထပ်နေတဲ့လက်တွေကိုအချင်းချင်း
ဖိဆုပ်ထားရှာသည်။"ဟေ့ကောင်!ပြောတာကြားလား"
ချက်ချင်းဆိုသလို ထိုလူကြီးရဲ့ လက်တစ်ဖက်က
ကောင်လေးရဲ့ ဦးခေါင်းကို ဖက်ခနဲ လှမ်းရိုက်
လိုက်သည်မို့ ကားမောင်းသူက တားဆီးဖို့ပြင်သည်။"တော်ပါတော့ဗျာ!ခဏနေရင်ပဲ သူများလက်ထဲ
အပ်ပေးရတော့မှာ။ဒဏ်ရာဒဏ်ချက်တွေနဲ့ဆို
မ၀ယ်ဘူးလုပ်နေမှ""ဖယ်စမ်း။ဒီကောင် မထုံတတ်တေးသိပ်လုပ်တာ။
ဟေ့ကောင် ရှောင်းကျန့်။ငါပြောထားမယ်နော်။
အဲ့ဒီကိုရောက်သွားရင် သူထားရာနေ။
သူခိုင်းတာလုပ်။မင်းလိုကောင်ကို ငမ်းငမ်းတပ်
လိုချင်နေတဲ့လူရဲ့လက်ထဲ နေတတ်ရင်ရွှေ။
မနေတတ်ရင် သေပေါ့ကွာ။ဟေ့ကောင်!!
ပြောနေတာကြားလား...တောက် ဒီကောင်ကွာ"ထုရိုက်သံတွေကားထဲ ပျံ့လွင့်သွားသည်။
ဒေါသတကြီးနဲ့ ကျလာတဲ့ လက်တွေကို မရှောင်ပဲ
ခေါင်းငုံ့ခံနေတဲ့ ကောင်လေးတစ်ယောက်နှင့်
ကားမောင်းနေရင်းက မရိုက်ဖို့တားနေတဲ့
လူတစ်ယောက်။တိတ်ဆိတ်နေတဲ့ ကားလမ်း
လေးမှာ ကားလေးတစ်စင်းထဲ ရုန်းရင်းဆန်ခတ်
တွေဖြစ်နေရင်းက...
YOU ARE READING
Thunder(Completed}
Fanfictionငါကသားချော့တေးမဟုတ်ဘူးချစ်သူ! ငါကသားချော့တေးမဟုတ်ဘူးချစ်သူ!