"သူက မလာစေချင်ရင်မသွားနဲ့ပေါ့ ရှောင်းကျန့်ရာ"
ဆေးပုလင်းတွေကြားခေါင်းစိုက်နေသည့် ယွီပင်းက
ထိုင်လိုက်ထလိုက်နှင့်ပျာယာခတ်နေသည့်
ရှောင်းကျန့်ကို လှမ်းပြောသည်။အရင်အပတ်
လမ်းလျှောက်ထွက်တုန်းက ဖြစ်တဲ့ကိစ္စကြောင့်
ကျေးဇူးတင်စကားသေသေချာချာပြောချင်ပေမဲ့
ရိပေါ်ကောက အတွေ့မခံ။"သူ့ကို လွှတ်ထားလိုက်ပါ။သူ့မှာ အရေးကြီး
လုပ်စရာတွေရှိသေးတယ်""ကျွန်တော်တွေ့သမျှတော့အိမ်ထဲပဲအောင်းနေ
တာပါ။ထမင်းတောင်ထစားရဲ့လားမသိဘူး"သက်ပြင်းချသည့်ယွီပင်းက ရှောင်းကျန့်ကိုစကား
ပြန်မလာတော့။ထိုသို့မြိုသိပ်သည့်ပုံစံပြလေလေ
ရှောင်းကျန့်က အူယားလေလေ။"နေပေါ့။ဘယ်သူက တွေ့ချင်နေလို့လဲ"
လက်ထဲက ဖုန်သုတ်တံကိုပစ်ချပြီး ခပ်တိုးတိုး
ရေရွတ်မိသည်။အိမ်ပေါ်တက်ဖို့ပြင်နေသည့်
သူ့ခြေလှမ်းတွေကအိမ်ပေါက်ဝသာရောက်ရောက်
သွားသည်မှာ ဒုက္ခတစ်မျိုး။ပြာယာခတ်နေသည့်
ရှောင်းကျန့်ကို ယွီပင်းမှနားမလည်နိုင်စွာလိုက်ငေး
နေသည်။အိမ်ပေါ်တက်သွားပြီး မကြာခင်
အ၀တ်အစားလဲပြီးပြန်ဆင်းလာသည့် ရှောင်းကျန့်။"ကျွန်တော်သွားလိုက်အုံးမယ် ကော"
"ဘယ်ကိုလဲ။မိုးချုပ်နေပြီလေ။မင်းသွားရဲလို့လား"
"ဒီနားကMarketလေးတင်ပါပဲ။ဝယ်စရာလေး
ရှိလို့""သြော်!အဲ့တာဆို ကောမလိုက်တော့ဘူးနော်"
ယွီပင်းစကားပြန်ကို မစောင့်နိုင်ဘဲ တရှိန်ထိုး
ပြေးထွက်သွားသည့်ထိုကောင်လေး။အရင်က
မိုးချုပ်ရင် Marketမပြောနှင့် ခြံထဲတောင်
ဆင်းခိုင်းလို့မရ။အခုများတော့တစ်ယောက်တည်း
သွားရဲလာရဲလာပြီထင်ပါရဲ့။"အား..ခေါင်းကိုက်လိုက်တာ။ဖန်ရှင်းလေးဆီ
ဖုန်းသရဲလုပ်ရမယ်"☄️☄️☄️☄️☄️☄️
"သူ့ဖာသာတွေ့ချင်နေတာကိုတားလို့ရမလား။
ဒီခြေထောက်တွေက အိမ်ပေါက်ဝကလွဲပြီး
ကျန်တဲ့နေရာ မသွားတတ်တော့ဘူးလား"
YOU ARE READING
Thunder(Completed}
Fanfictionငါကသားချော့တေးမဟုတ်ဘူးချစ်သူ! ငါကသားချော့တေးမဟုတ်ဘူးချစ်သူ!