Part 24

4.1K 740 67
                                        

"ဒီညလပြည့်ည..."

"သူနေမကောင်းသေးဘူးရိပေါ်"

အကြောင်းအရာတွေအားလုံး ယွီပင်းကိုပြောပြ
ထားသည်မို့ ရိပေါ်စကားအဆုံးမှာ အလန့်တကြား
တားရှာသည်။လပြည့်ညဆိုတာမိတ်ဖက်တွေ့ခါစ ၀ံပုလွေတွေ မြူးသည့်အချိန်။ဒီညသာ ထပ်ပြီး
ဆက်နွယ်ဖို့လုပ်မယ်ဆို ရှောင်းကျန့်ခံနိုင်ရည်
ရှိမည်မဟုတ်။

"တက်နိုင်သမျှကိုယ့်စိတ်ကို ထိန်းကြည့်ပေးပါ။
ရှောင်းကျန့်ကိုတော့ မဖြစ်ဘူး"

"ငါလုပ်ကြည့်ပါ့မယ်!"

သက်ပြင်းတစ်ခုနှင့်အဖြေပြန်ပေးသည့်
ရိပေါ်ကြောင့် ယွီပင်းယုံကြည်စွာပင် ရှောင်းကျန့်
ကိုအပ်ခဲ့လိုက်သည်။ညနေစောင်းပြီးမို့
ယွီပင်းအိမ်ပြန်သွားသည်နှင့် ရိပေါ်တစ်ယောက်
ရှောင်းကျန့်စားဖို့တစ်ခုခုလုပ်ရချေပြီ။

အရင်က ဖွယ်ဖွယ်ရာရာလေးတွေ ချက်ကျွေးရင်း
ပျော်နေတတ်သည့်ကောင်လေးပုံရိပ်တို့
စိုးမိုးလာတော့ သက်ပြင်းမောကိုသာချမိသည်။
မီးဖိုထဲဝင်လို့ ဒီလှန်ဒီလှန်လုပ်နေသည်မှာ
အတော်ကြာပြီ။ဘယ်က စကိုင်ရမှန်းရိပေါ်မသိ။

"အာ...ဆန်ထဲရေထည့်လိုက်ရုံမလား?"

မလုပ်ဖူးသည့်အရာကိုလုပ်ရမှာမို့ သူ့အာရုံတွေ
အကုန် ဟင်းချက်ခြင်းအမှုပေါ်သာ လုံးဝ
စူးစိုက်နေမိသည်။ယွီပင်းချက်ပေးခဲ့မည်ပြော
တုန်းက ဘာလိုစိတ်နဲ့ ငါချက်တတ်တယ်လို့
ပြောခဲ့မိပါလိမ့်လို့တွေးမိသည့်အခါ ရိပေါ်
တစ်ယောက်တည်း သတိလက်လွတ်ပြုံးရသေး။

သူ ရှောင်းကျန့်ကို ချက်ကျွေးကြည့်ချင်သည်?

ကိုယ့်ဖာသာထုတ်လိုက်မိတဲ့မေးခွန်းကြောင့်
ခဏတော့တွေဝေမိသွားရပေမဲ့..

"သူ့တုန်းကလည်း ချက်ကျွေးခဲ့တာပဲကို"

ကိုယ့်နှလုံးသားကိုယ် နားမလည်သည်ကလည်း
ကုရခက်သော ရောဂါတစ်ခု။

☄️☄️☄️☄️☄️☄️☄️

လေတဖြူးဖြူးတိုက်နေသည့်ပြတင်းပေါက်ကနေ
အောက်ကိုငုံ့ကြည့်ရင်း လေပူတွေကိုမှုတ်ထုတ်
မိသည်။အမြင့်ကြီးရယ်လို့မဟုတ်ပေမဲ့
နှစ်ထပ်တိုက်မို့ လူတစ်ယောက်ခုန်ချဖို့ဆိုတာ
လွယ်လှသည်တော့မဟုတ်။

Thunder(Completed}Donde viven las historias. Descúbrelo ahora