Part 5

4.7K 785 12
                                    

မြူတွေဆိုင်းနေသည့် တောအုပ်တစ်နေရာ။
သာမာန်ထက် ပိုသိပ်သည်းသော မြူတွေကြားမှ
လူရိပ်တစ်ချို့ ခပ်ရေးရေးပေါ်လွင်လာသည်။
အညိုရောင် ၀တ်ရုံစအရှည်ကို မြေပေါ်ရှပ်တိုက်
သည်အထိ ၀တ်ဆင်ထားသည့် လူငါးဦးက
လျှိုမြှောင်တစ်ခုကြားထဲက ဂူပေါက်ဝကြီးနားမှာ
ရပ်တန့်သွားခဲ့ပြီး...

"အရှင့်သားကို ဂါရ၀ပြုပါတယ်"

ဘယ်ဘက်ရင်အုံမှာ လက်ဖဝါးကိုအပ်လို့
ဦးညွှတ်လိုက်သည်နှင့် ပိတ်ပိန်းလွန်းသည့်မြူတွေ
ကွဲသွားပြီး ဥမင်ပေါက်ဝမှ တံခါးချပ်တစ်ချပ်ပွင့်ဟ
လာကာကြီးကျယ်ခမ်းနားသောအညိုရောင်
ခုံကြီးတစ်လုံး လှပစွာပေါ်ထွက်လာသည်။
ထိုခုံကြီးရဲ့ အပေါ်မှာ ရှိနေသူက ယောင်္ကျားပျို
တစ်ယောက်.....

ထောင့်ကျသော မေးရိုးတွေက အံကြိတ်လိုက်
သည်နှင့် ပိုထင်းစွာပေါ်လာပြီး မျက်ဝန်းညို
စူးစူးတွေက ပေါ်လွင်လွန်းသည်။
မြေခွေးခေါင်းပုံ ပါသည့် လက်စွပ်စွပ်ထားသော
ဝဲယာလက်တစ်ဖက်က အနည်းငယ် တွန့်လှုပ်
နေသည်မှာ စိတ်လှုပ်ရှားမှုကြောင့်လား?
ဒေါသကြောင့်လား....

"ဘာလို့ မပါလာတာပဲပြန်လာတာလဲ?"

သြဇာပြည့်လွန်းသည့်ထိုအသံက ဥမင်တစ်လျှောက်
ဟိန်းထွက်သွားရသည်။အရိုအသေပေးထားသည့်
လူငါးယောက်မှာ ထိုယောင်္ကျားပျို၏စကားကြောင့်
လှုပ်လှုပ်ရှားရှားဖြစ်သွားပြီး

"အရေးကြီးတဲ့ကိစ္စတစ်ခုဖြစ်လာတာမို့ ချက်ချင်း
သတင်းလာပို့ရတာပါအရှင့်သား။"

ဆိတ်ဆိတ်နေကာ ခွင့်ပြုပေးနေသည့်အရှင့်သား
ဆိုသူကြောင့် ထိုလူငါးယောက်တစ်ယောက်
မျက်နှာတစ်ယောက်ကြည့်ရင်းသက်ပြင်းချ
မိကြသည်။

"ကောင်လေးအနားမှာ....နှင်းဖြူနန်းတော်ရဲ့
အိမ်ရှေ့စံရှိနေပါတယ်"

"ဘာ!!!!!!"

ရုတ်တရက် ထရပ်လိုက်သည့် အရှင့်သား
ဆိုသူရဲ့ဒေါသကြောင့် ဒူးထောက်ကာခေါင်းငုံ့
သွားကြသည့်ထိုလူငါးဦး။

"ခွင့်လွှတ်ပါအရှင်။ဟိုတစ်လောက ကောင်လေး
ကားတိမ်းမှောက်မှုဖြစ်တဲ့ကိစ္စမှာ နှင်းဖြူနန်းတော်
ရဲ့အိမ်ရှေ့စံပါဝင်ပတ်သတ်နေပါတယ်။
ကောင်လေးရဲ့ ဦးလေးကြီးဆိုသူကို ကိုယ်တိုင်
ဝိဉာဉ်လာချုပ်တာပါ။သူ့ပုံစံကြည့်ရတာ အရမ်း
ဒေါသထွက်နေတဲ့ပုံစံဖြစ်နေတာမို့ ကျွန်တော်တို့
အနားသွားလို့မရခဲ့ပါဘူး။ပြီးတော့ ကောင်လေးကို
ကယ်သွားတယ်။ကောင်လေးကအရှင်
ထပ်လာမယ်ဆိုတာသိလို့ ညဆို အပြင်လုံးဝ
မထွက်တော့ဘူး။ဒီနေ့ အပြင်ကညခင်းကြီး
ပြန်လာတော့ နှင်းဖြူအိမ်ရှေ့စံပါ ပါလာ....."

Thunder(Completed}Tempat cerita menjadi hidup. Temukan sekarang