"ငါသဘောမတူဘူး။ဝမ်ရိပေါ်...သူ့ကိုတော်ရုံပဲ
နှိပ်စက်ပါ""နှိပ်စက်တယ်လို့ ခေါင်းစဉ်တပ်ရင်လည်း
နှိပ်စက်တယ်ပေါ့။မင်းပဲပြောတော့ သာမာန်လူ
တစ်ယောက်လို နေထိုင်ခွင့်ပေးစေချင်တယ်ဆို။
သာမာန်လူတွေက ချစ်ကြ ကြိုက်ကြတာမျိုး
ရှိတယ်မဟုတ်ဘူးလား"ကိုယ့်ရူးကိုယ်ပြန်ပတ်သည့် ယွီပင်းက မယုံနိုင်စွာ
ခေါင်းကိုခါယမ်းလာသည်။ယွီပင်းအတွေးကို
သိတဲ့ ရိပေါ်တစ်ယောက်ဟန်ဆောင်မပြုံး
တော့ဘဲ တည်တင်းသွားသည့်မျက်နှာ။"ငါ ဘာမဆိုလုပ်နိုင်တယ် ယွီပင်း။သူ့ကို
တကယ်ချစ်လား မချစ်လားဆိုတာက ငါ့အတွက်
အသုံးမ၀င်ဘူး။"ရှောင်းကျန့်ဆိုတာ အချစ်ခံရတာတောင်
အတုအယောင်တွေနဲ့.......................☄️☄️☄️☄️☄️☄️
"ယွီပင်းကောနဲ့ ဘာတွေပြောနေတာလဲဟင်!"
"သိချင်လို့လား?"
"အဲ့လိုလည်း မဟုတ်ပါဘူး။မေးကြည့်ရုံပါ"
ပြောပြီး ရှောင်းကျန့်က မျက်လုံးလှန်ကြည့်
လာတယ်။ရိပေါ်ပြန်ကြည့်လို့ အကြည့်ချင်း
ဆုံသွားတော့ လွှဲဖယ်သွားတဲ့ မျက်ဝန်းတွေ။"ပြောစရာ ရှိလို့လား!"
အောက်နှုတ်ခမ်းလေးကိုဖိကိုက်လို့ စားပွဲခုံ
ကြီးကိုပဲ ပေါက်ထွက်မတတ်ကြည့်နေပြီး
ရိပေါ် မေးခွန်းကိုမဖြေ။ဖွင့်ထားတဲ့ TVကို
ပိတ်ရင်း ရှောင်းကျန့်နားတိုးကပ်သွားတော့မှ
အနည်းငယ်နောက်ယို့ရင်း သူ့ကိုကြည့်လာတယ်။
လက်တွေကို ရှောင်းကျန့်ပတ်ပတ်လည်မှာ
ထောက်လို့ မျက်နှာလေးကို အတင်းလိုက်ကြည့်
တော့ ယုန်သွားလေးပေါ်တဲ့ထိရယ်ပြီးရှက်နေ
သေးတာ။"ဘာပြောမလို့လဲ။အခုပြော!"
"ပြောစ..ရာကမရှိပါဘူး။ဒီတိုင်း..."
"ဒီတိုင်းဘာဖြစ်လဲ?"
"ဖက်ထား...ချင်လို့...."
အသံလေးက တဖြည်းဖြည်းတိမ်ဝင်သွားပြီး
ရိပေါ်ကို ပါးရဲရဲလေးတွေဆင်ထားတဲ့
မျက်နှာလေးကမော့ကြည့်လာတယ်။
ခဏတာ ငြိမ်သက်သွားတဲ့ သူ့ကိုစိတ်ဆိုး
သွားတယ်ထင်ပြီး TVပြန်ဖွင့်လို့ ဖြည်းဖြည်းချင်း
အနားက ခွာသွားတဲ့ ရှောင်းကျန့်။
YOU ARE READING
Thunder(Completed}
Fanfictionငါကသားချော့တေးမဟုတ်ဘူးချစ်သူ! ငါကသားချော့တေးမဟုတ်ဘူးချစ်သူ!