Part 3

5.3K 855 33
                                    

"မင်းက ချစ်စရာကောင်လေးပဲ"

ပါးဖောင်းလေးနဲ့ကလေးလေးရဲ့ရင်ခွင်ထဲ
ဲရောက်နေတဲ့ရိပေါ်။ကိုယ့်အမြှီးဖြူဖြူလေးကိုပြန်မြင်
နေရလေတော့ သူသဏ္ဍာန်ပြောင်းသွားလို့များလား။

မဖြစ်နိုင်...နှစ်၅၀၀ပြည့်ဖို့လိုသေးသလို
ရိပေါ်ကိုယ်ထဲက အမြုတေဟာလည်းအားကောင်း
တုန်းပဲရှိသေးသည်။အလန့်တကြားနဲ့ ကောင်လေး
ရင်ခွင်ထဲက ထွက်ပြေးမိတော့ နာကျင်သွားသည့်
ခြေထောက်ကြောင့် ရှေ့မရောက်ပဲ ကောင်လေး
ခြေထောက်တွေကြားသာ ပြန်လဲကျသည်။

ဘယ်အချိန်က ဒဏ်ရာ ရသွားမှန်းမသိတဲ့
ခြေထောက်ကိုပြန်ငုံ့ကြည့်မိတော့ သူ့ခြေထောက်မှာ
ရစ်ပတ်ထားသည်က ဖဲကြိုးနီနီလေး။
ဆံနွယ်တွေ ပြေကျနေသည့်ထိုကလေးလေးက
မဟုတ်မှ.....

"ဟိုမှာ ၀ံပုလွေဖြူလေး!!!"

တစ်ထပ်တည်းပါပဲ။ရိပေါ်မမှတ်မိချင်ဆုံးသော
အတိတ်ဆိုးတစ်ခု။ခြုံနွယ်တွေကြားထဲမှ
အော်သံတွေထွက်လာသည်နှင့်တပြိုင်နက်
ထိုကလေးလေးက ရိပေါ်ကိုရင်ခွင်ထဲထည့်လို့
ထွက်ပြေးသည်။ချထားခဲ့ပါလို့ ပြောချင်ပေမဲ့
သူ့ပါးစပ်တွေက အူသံသေးသေးလေးက
လွဲပြီး ဘာမှထွက်မလာ။

နောက်ဘက်မှ ခြေသံတွေက ပိုနီးကပ်လာပြီး
ပစ်ခတ်လာသောမြှားဦးတွေ ပိုစိပ်လာသည်။
ရှေ့ဆက်စရာမရှိတော့သည့် ချောက်ကမ်းပါး
တစ်လျှောက်ပတ်ပြေးနေသည့် ထိုကောင်လေးရဲ့
ရင်ဘတ်မှာလည်း ရိပေါ် ကုပ်ထားလို့သွေးတွေ
တစ်စွန်းတစ်စ ထွက်ကျလာနေပြီ။

ဇွဲကောင်းကောင်းမဲ့ပြေးနေတဲ့ ထိုကလေးလေးရဲ့
မျက်နှာလေးကို မော့ကြည့်ရင်း ရိပေါ်ဘာလုပ်လို့
လုပ်ရမှန်းမသိဖြစ်နေစဉ် ရိပေါ် ဦးခေါင်းအထက်
ရင်ဘတ်တစ်နေရာကို ဖောက်ထွက်သွားတဲ့မြှားဦး။

သွေးတွေအကုန်ရိပေါ်မျက်နှာပေါ် စီးလာပြီး
ဆက်မပြေးနိုင်တော့သည့်ကောင်လေးက ရိပေါ်ကို
ငုံ့ကြည့်ရင်းပြုံးပြကာ...

"မ ကြောက် နဲ့နော်!"

မြှောက်တက်သွားတဲ့ကောင်လေးလက်က
ခြောက်ကမ်းပါးထက်ဆီ ရိပေါ်ကို သယ်ယူ
သွားသည်။

Thunder(Completed}Where stories live. Discover now