"၀ံပုလွေပျိုတစ်ကောင်မှာ မိတ်ဖက်တစ်ယောက်
စီရှိကြတယ်။မိတ်ဖက်ရသွားတဲ့ ၀ံပုလွေပျိုက
သူ့ဆန္ဒကို မိတ်ဖက်နဲ့ပဲဖြေလေ့ရှိတယ်။ဒါက သဘာဝကရွေးချယ်ပေးတာ။ငါ လုပ်ယူတာ
မဟုတ်ဘူး"တံခါးဘေးက နံရံကိုခပ်လျော့လျော့မှီလို့
ပြောလိုက်တဲ့ရိပေါ်စကားတွေကို ယွီပင်းဂရု
မပြု။မျက်ရည်စတွေ ကိန်းနေတုန်းမျက်တောင်
လေးတွေနဲ့ကောင်လေးကိုသာ မွမ်းကြပ်စွာကြည့်
မိသည်။"အခု ဘယ်လိုဆက်လုပ်မှာလဲ။ခင်ဗျားက
မိတ်ဖက်မရှိဘဲ တစ်သက်လုံးနေသွားမှာလား?"သက်ပြင်းချသံသာ အဖြေရခဲ့တဲ့အခြေအနေ။
အမြုတေအတွက် ရှောင်းကျန့်ဝိဉာဉ်ကို လိုသလို
ရိပေါ်အတွက် မိတ်ဖက်အဖြစ်လည်းလိုသည်။"သေချာတာကတော့ ၀ိဉာဉ်ကိုအမြုတေအတွက်
သုံးမှရမှာပဲ။မိတ်ဖက်မရှိလို့ အသက်မဆက်နိုင်တဲ့
ဝံပုလွေဆိုတာ မရှိပါဘူး""တစ်ခြားနည်းလမ်းလေး မရှိဘူးလား။
ရှောင်းကျန့်ကို မိတ်ဖက်အဖြစ်ထားနိုင်ဖို့
ဝိဉာဉ်ပြောင်းတာမျိုး..."ယွီပင်းစကားမှာ ခပ်ဟဟရယ်တဲ့ရိပေါ်။
"မင်း စိတ်ကူးယဉ်တအားဆန်နေပြီ။"
"ဘာပဲဖြစ်ဖြစ် ကြိုးစားကြည့်လို့ရတာပဲ။
အဲ့နည်းလမ်းက မဖြစ်နိုင်ဘူးလို့ပြောလို့မှ
မရတာ။ခင်ဗျားထက် အားနည်းတဲ့လူသားတွေ
တောင်မှ ဘယ်သူမှ မဖောက်ခဲ့တဲ့လမ်းတွေကို
ကိုယ်တိုင်ဖောက်ပြီး ရအောင်လုပ်သေးတာပဲ""ငါပြောပြီးပြီလေ။မိတ်ဖက်မရှိလို့ ငါဘာမှမဖြစ်
သွားဘူး။အဲ့တော့ ဘာမဟုတ်တဲ့လူတစ်ယောက်
အသက်ကို ဆွဲဆန့်ပေးနေမှာမဟုတ်လို့
တော်လိုက်တော့။""သူ့နေရာကို တစ်ချက်လောက်ကြည့်ပေးလို့
မရဘူးလား။ခင်ဗျား အလိမ်အညာတွေနဲ့ ဖိချုပ်
တာခံထားရတဲ့လူတစ်ယောက်ကို ဒီလောက်
လေးတော့ ကြိုးစားပေးသင့်တယ်လို့
မထင်ဘူးလား"အသံတွေက ပိုကျယ်လာသည်။လဲလျောင်းနေ
သည့်ကောင်လေးတစ်ယောက်က လွဲလို့ဒေါသ
ထွက်နေတဲ့ လူတစ်ယောက်နဲ့ စိတ်ရူပ်နေတဲ့
တစ်စုံတစ်ယောက်။
YOU ARE READING
Thunder(Completed}
Fanfictionငါကသားချော့တေးမဟုတ်ဘူးချစ်သူ! ငါကသားချော့တေးမဟုတ်ဘူးချစ်သူ!