Part 6

4.7K 767 21
                                        

မနက်ခင်းနေရောင်ခြည်နွေးနွေးလေးအောက်မှာ
လမ်းလျှောက်ရတဲ့အရသာကိုရှောင်းကျန့်အပြည့်
အ၀ခံစားနေရတာကြောင့် မျက်နှာနုနုလေးဟာ
ခပ်ပြုံးပြုံး။အထူးအဆန်းလို ပတ်ဝန်းကျင်
တစ်လျှောက်ဟိုငေးဒီငေးနှင့် လုပ်နေတာမို့
ဘေးချင်းကပ်ယွီပင်းမှ မချော်လဲအောင် ထိန်းပေး
ရသေးသည်။

"ရှေ့ကြည့်သွားလေ ရှောင်းကျန့်!"

"ဟုတ်!"

ယွီပင်းသတိပေးစကားဆုံးသည်နှင့် ရှေ့တည့်တည့်
ကြည့်ကာ ဂရုတစိုက်လမ်းလျှောက်တာကြောင့်
ခိုးပြုံးမိသည်။ဒီကောင်လေး ရောက်လာသည်က
ယွီပင်းတစ်ယောက် ကလေးတစ်ယောက်ကောက်ရ
လိုက်သည်နှင့် ဘာမျှမခြား။အရင်ကလိုအထီး
ကျန်သည့်ခံစားချက်တွေမရှိတော့သည်ကြောင့်
ယခုဘ၀လေးက ပိုစိုပြေလာသလို။

အတွေးနှင့်လမ်းလျှောက်နေတုန်း ကောင်လေးရဲ့
အော်သံကြောင့် သတိပြန်ဝင်လာရသည်။

"ဟာ....အစ်ကိုကြီး!!"

ထိုကလေးကတော့ ရှေ့တူရူကိုလက်ညိုးထိုးကာ
ထွက်ပြေးသွားလေပြီ။Long coatအနက်ကြီး
ဝတ်ပြီးထွက်လာသည့် ၀မ်ရိပေါ်ကတော့ မနက်ခင်း
မိုးလင်းလင်းချင်း မျက်နှာတစ်ခုလုံးရူံ့မဲ့ရပြီ။

"အစ်ကိုကြီး...ဈေးဝယ်ထွက်တာလား"

အနားရောက်လာသည့်ကောင်လေးကိုမကြည့်ဘဲ
ယွီပင်းကိုကျော်ကြည့်မိတော့ သကောင့်သားက
ပြုံးပြသည်။

"၀မ်ရိပေါ်!သူ့နာမည်က ၀မ်ရိပေါ်တဲ့။မှတ်ထား"

"သြော်!ယွီပင်းကော စကားပြောရင်တစ်ခါတစ်လေ
ထည့်ထည့်ပြောလို့မှတ်မိပါတယ်။မှားမစိုးလို့
မခေါ်တာ"

သွားဖြဲလေးနဲ့ရယ်ပြသည့်ထိုကလေးက တွေ့စ
ကလိုမျိုး ပေစုတ်စုတ်နဲ့ အရာရာကိုကြောက်နေရ
သည့်မျက်နှာငယ်လေးမဟုတ်တော့ ။
ယွီပင်းအစောင့်အရှောက်တွေကြား ရဲတင်းတတ်
လာပြီ။

"ရိပေါ်ကော!ကျွန်တော်တို့နဲ့ ဈေးဝယ်လိုက်ခဲ့
ပါလား"

"ငါဈေးမ၀ယ်ဘူး!"

"ဘာလို့လဲ။ဈေးမ၀ယ်ဘဲဘာတွေနဲ့စားနေတာလဲ?"

ရှောင်းကျန့် မေးခွန်းကြောင့် အလန့်တကြား
ငုံ့ကြည့်သည့်ရိပေါ်။အခုမှ သေသေချာချာ စုံမိသည့်
မျက်လုံးကြည်ဟာ သိပ်လှမှန်းမှတ်ချက်ပေးမိတာ
ကိုယ်ကိုတိုင်ပင်သတိမထားမိ။

Thunder(Completed}Where stories live. Discover now