တံခါးခေါက်သံကျယ်ကျယ်လောင်လောင်ကြောင့်
စပ်ဖျင်းဖျင်း ဖြစ်နေသည့်မျက်လုံးတွေကိုပွတ်သပ်
လို့ အိပ်ယာမှထလာလိုက်သည်။တံခါးခေါက်သူက
သေချာပေါက်ယွီပင်းလို့ထင်လိုက်ပေမဲ့
တကယ်တမ်းမြင်လိုက်ရသည်မှာ ဒဏ်ရာတွေပျောက်နေသည့်မျက်နှာနုနုလေးနှင့်
ထိုကောင်လေး။သုံးစက္ကန့်လောက် သူပြုံးပြတာကို
ကြောင်ကြည့်နေမိပြီးမှ အနားရောက်လာသည့်
ယွီပင်းကြောင့် သတိဝင်ရသည်။
"ဖျားနေတယ်ဆိုလို့ လာကြည့်တာ။ရှောင်းကျန့်..
ရိပေါ်စားဖို့ ဆန်ပြုတ်လေး လုပ်ပေးလို့ရမလား"
"ဟုတ်ကဲ့.."
အမိန့်နာခံလွန်းတဲ့ကောင်လေး အောက်ထပ်ဆင်း
သွားသည်နှင့် ယွီပင်းက အခန်းတံခါးကို
Lockချလို့ ရိပေါ်ကျောကို လက်နှစ်ဖက်နဲ့
တွန်းကာ ကုတင်ပေါ်အတင်းပို့သည်။
"ဘာလဲကွာ!!"
"မှန်မှန်ပြော။အမြုတေဓာတ် အားနည်းနေပြီ
မလား?"
သက်ပြင်းတစ်ခုနဲ့အဖြေပြန်ပေးမိသည်နှင့် ယွီပင်း
တစ်ယောက် သူယူလာသည့်ဆေးတစ်လုံးကို
ပါးစပ်ထဲ အတင်းဖြဲထည့်လာသည်။ဆေးသောက်
ဆေးစားပြီး ပျော့ညံ့ညံ့လူသားတွေလိုနေရတာ
ရိပေါ်အမုန်းဆုံး။ဗိုက်ထဲ ရေအကူမပါဘဲ
ဆေးတစ်လုံးရောက်သွားသည်နှင့် ရိပေါ်
မျက်စောင်းက ဒိုင်းခနဲ။ယွီပင်းကတော့ ဂရုမစိုက်
စွာပင် လုပ်ချင်တာလုပ်နေတတ်သည်။
ထိုကဲ့သို့ အကြောက်အလန့်မရှိလို့ ရိပေါ်နားမှာ
ကြာကြာနေနိုင်တာ။
"တော်သေးတာပေါ့။ဟိုကောင်လေးသာ အခု
မင်းအိမ်မှာနေ နေရရင် မင်းတော့ဒုက္ခ!!"
သူ့အမှားမပါအောင်ပြောသွားသေးသည့် ယွီပင်းက
အိတ်အနက်ကြီးတစ်အိတ်နဲ့အမြဲအလုပ်ရူပ်နေ
တတ်စမြဲ။
"ဟိုကောင်လေးကို ဆန်ပြုတ်သွားချက်ခိုင်းတာ
ငါဆန်ပြုတ်သောက်ချင်တယ်လို့မင်းကို
ပြောမိလို့လား"
"အဲ့တော့ '၀မ်ရိပေါ်ကြီး အသားစိမ်းစားချင်
နေပါတယ်။အခုချက်ချင်း အသားစိမ်းဝယ်ပြီး
ချကျွေးလိုက်ပါ'လို့ပြောရမှာလား။မင်းစဉ်းစားလေ"
KAMU SEDANG MEMBACA
Thunder(Completed}
Fiksi Penggemarငါကသားချော့တေးမဟုတ်ဘူးချစ်သူ! ငါကသားချော့တေးမဟုတ်ဘူးချစ်သူ!
