"ကျွန်တော့်ကိုဘာလို့ ခေါ်ထားမှာလဲဟင်!"
ရှောင်းကျန့်စကားကြောင့် ဆန်ပြုတ်ကိုမွှေနေလျက်
ရိပေါ်က ပြုံးရှာသည်။ထိုအပြုံးထဲမှာ နွေးထွေးမှု
ဆိုတာ အပြည့်။"ဘာလဲ?မင်းက မနေချင်ဘူးလား"
"မဟုတ်ပါဘူး။ရုတ်တရက်ကြီးဆိုတော့...."
"မင်းပြောတော့ ငါ့နားမှာနေတာ လုံခြုံတယ်ဆို။
အဲ့တာကြောင့် ခေါ်ထားမလို့လေ"ရွှန်းရွှန်းစားစားလေး ပြုံးရှာသည့် ရှောင်းကျန့်ကို
ကြည့်ရင်း ခပ်လှမ်းလှမ်းမှာ တိတ်ဆိတ်နေသည့်
ယွီပင်းတစ်ယောက်သက်ပြင်းချသည်။ဟန်ဆောင်
ကောင်းလွန်းသည့် ၀မ်ရိပေါ်ကိုလည်း အပြစ်မတင်
ချင်။သူ ဒါအတွက်ကြိုးစားလာတာ နှစ်ပေါင်း
နည်းနည်းမှမဟုတ်တာပဲကို။ခဏတာလေး
ခင်မင်တဲ့သံယောဇဉ်ဆိုတာ သူအနစ်နာခံထား
ရတာနဲ့ယှဉ်လိုက်ရင် ဘာမှမဟုတ်တော့။ကောင်လေးကရော....?
ဘာဆိုဘာမှမသိဘဲ တစ်ပါးသောမျိုးနွယ်အတွက်
စတေးခံရတော့မှာ။ဖန်ဆင်းပေးသည်ဟူသော
ဘုရားသခင်ကို အပြစ်တင်ရမလား၊ကံ ကံ၏
အကျိုးဆိုသော ကံတရားကြီးကိုပဲ အပြစ်တင်ရ
မလား မသဲကွဲသည့်အနေအထား။"ယွီပင်းကော နေမကောင်းဘူးလား?"
ခပ်ယဲ့ယဲ့ပြုံးလို့ ခေါင်းရမ်းပြတော့ ရှောင်းကျန့်က
ပြန်ပြုံးပြပြန်သည်။ဒီဖြူစင်တဲ့ ညီလေးကို
ယွီပင်းဘယ်လို နှလုံးသားနဲ့ ရိပေါ်လက်ထဲ
ထားခဲ့ရက်ပါ့မလဲ?"ကောင်းကောင်းနေနော်!ပေါ်ကောက
စောင့်ရှောက်လိမ့်မယ်"ဆံပင်လေးကိုဖွရင်းဆိုမိတော့ ကောင်လေးက
မကျေနပ်ဟန်ဆောင်ပြရင်း နှုတ်ခမ်းစူသည်။"အင်းပေါ့လေ!လူပျိုကြီး မလုပ်တော့ဘူးဆိုတော့
ကျွန်တော့်ကို ဘယ်လိုတော့မလဲ.."သူ့ဘာသာ ရယ်စရာပြောပြီး သူတစ်ယောက်တည်း
ဒိုင်ခံပြုံးနေသည့် ရှောင်းကျန့်ကို ယွီပင်းက
ရီရီဝေေ၀သာ ကြည့်နေသည်။ဘာစကားမှ
ထပ်မပြောဘဲ ထပြန်သွားသည်ကြောင့်ရှောင်းကျန့်
မှာ ကြောင်စီစီ။"သူ့ကောင်လေးနဲ့ ပြဿနာဖြစ်နေတာနေမှာ!"
ရိပေါ်ကောစကားကြောင့် သူနားလည်သလို
ခေါင်းငြိမ့်ပြမိသည်။အခုတလော အရမ်းပြုံးပြ
နေသည့် ရိပေါ်ကောကိုတော့သူတကယ်နားမလည်
သေးပါ။
YOU ARE READING
Thunder(Completed}
Fanfictionငါကသားချော့တေးမဟုတ်ဘူးချစ်သူ! ငါကသားချော့တေးမဟုတ်ဘူးချစ်သူ!