Part 15

4K 711 23
                                        

ညလေ အေးအေးလေးက ကားလမ်းမ
တစ်လျှောက် ဖြတ်တိုက်လာသည်။အေးစက်နေ
ပြီဖြစ်တဲ့ လက်ဖဝါးနှစ်ဖက်ကို အချင်းချင်း
ပွတ်သပ်လို့ ရှောင်းကျန့်တစ်ယောက်ခုန်ဆွခုန်ဆွ
လုပ်နေရတာ အတော်ကြာပြီ။

"မလာတော့လည်း မလာလို့။လာတော့လည်း
ဘယ်နားသွားသေနေလဲ မသိဘူး"

နာရီကြည့်တော့ ည ၇နာရီရှိချေပြီ။ဒီနေ့ အစော
အလုပ်ဆင်းခွင့်ရအောင် တစ်ပတ်လုံး ညဆိုင်း
တွေ ကြိုးစားလုပ်ပေးခဲ့ရတာ။ရိပေါ်ကောကိုတော့
ညတိုင်း၉နာရီမှအလုပ်ဆင်းမည်ဟုလိမ်ထား
ရသည်။

"ကျစ်!ချမ်းလို့သေတော့မယ်။"

တောကောင်လေးတွေ အော်သံတစ်စတစ်စကြားရ
ပေမဲ့ ဒီလမ်းမဆိုတာ ရှောင်းကျန့် ခဏခဏကူးလူး
သွားလာခဲ့ရတဲ့ရပ်ဝန်းမို့ သိပ်မကြောက်မိ။

ဟိုကြည့်ဒီကြည့်လုပ်နေရင်းက သစ်ရွက်ခြောက်
တွေပေါ် ဖြတ်လျှောက်လာသည့် ခြေသံတစ်ခု
ကြောင့် မသိမသာ နောက်လှည့်ကြည့်မိသည်။
လူရိပ်တစ်ခုသည်ကား ရှောင်းကျန့်ရှိရာဆီ
ယိုင်နဲ့နဲ့ဖြင့်လျှောက်လာပြီးမှ...

"ဟာ...ဟေ့လူ"

ပစ်စလတ်ခတ် လဲကျသွားသည့် ထိုလူကြောင့်
အပြေးသွားပြီး ဆွဲထူရသည်။လရောင် မသဲမကွဲ
ကြားမှာ ထိုလူ့ရင်ဘတ်မှသွေးစက်တွေက
အထင်းသား။

"ဟေ့လူ...သတိထားဦး"

သတိမလွတ်သေးသည့် လုဟိုင်ကို ရှောင်းကျန့်
ဘယ်ထိလို့ဘယ်ကိုင်ရမှန်းမသိဖြစ်နေချိန်
ကြားလိုက်ရသည့် ရယ်သံသဲ့သဲ့။

"မင်း...ငါ့ ကို ကယ် မလို့ လား"

စကားလုံးတွေကို အားယူပြောနေသည့်လုဟိုင်က
မျက်လုံး မပွင့်တပွင့်အနေအထားမှာပင်
ရှောင်းကျန့်ကိုလှောင်သည်။

"ခင်ဗျား ဒဏ်ရာ ဘယ်လိုရလာတာလဲ"

ရှောင်းကျန့်အမေးကို ချက်ချင်းမဖြေနိုင်ဘဲ
သူ့ဒဏ်ရာသူ ဖိလို့အားယူထသည်။ရှောင်းကျန့်
မှာသာ သူနာသွားမှာစိုးလို့ တရူံ့ရူံ့တမဲ့မဲ့။
သစ်ပင်တစ်ပင်နား ဖြည်းဖြည်းချင်းလျှောက်သွား
သည့်လုဟိုင်နောက် ရှောင်းကျန့် သာသာလေးလိုက်လာခဲ့သည်။ပင်စည်ကိုမှီထိုင်
လိုက်သည့် လုဟိုင်က မျက်နှာလေး အနည်းငယ်
မဲ့တာကလွဲပြီး အဆင်ပြေသည့်ပုံ။

Thunder(Completed}Tempat cerita menjadi hidup. Temukan sekarang