ဒီနေ့ scence က မြစ်တစ်ဖက်ကမ်းကို ...ကိုယ်ဖေါ့ပြီးကူးရင်း.....မြစ်အတွင်းထောင်တားတဲ့...ထောင်ချောက်တွေကိုပါ ကျော်ဖြတ်ရတဲ့ scence မို့....wire တွေ..အထပ်ထပ်ကြားမှာ ရိပေါ် ပင်ပန်းလွန်းတယ်။
Waist ring (ခန္ဓာကိုယ်ကို လိုသလို လှည့်ပြောင်းနိုင်အောင်..wireကြိုးတွေနဲ့..ဆွဲထားသောကွင်း) အတွင်းမှာ....အရှိန်နဲ့....နှစ်ပတ်သုံးပတ်လောက် လှည့်လိုက်ရတဲ့အခါတိုင်း....မျက်လုံးတွေက ပြာကနဲ။
စက်ပစ္စည်းအများအပြားနဲ့...လူအင်အားသုံးရတဲ့အပြင်...အန္တရာယ်ရှိတဲ့..scence တွေမို့...NG ခဏတိုင်းမဖြစ်အောင် သတိထားနေတဲ့ကြားက...တချို့နေရာတွေ ခဏ ခဏ ပြန်ရိုက်နေရတယ်။
" ကဒ်..!!!.. ရိပေါ် အရမ်းကောင်းတယ်။ ခဏနားလိုက်အုံး..ပြီးမှ ကျန်တာ ဆက်ရိုက်မယ်...ကျားယို့"
"ကျားယို့...ကျားယို့"
ကောင်းကင်ကနေ မြေပေါ် ခြေချမိတာနဲ့...staff တွေက သူ့ခါးက Waist Ring ကို လာဖြုတ်ပေးကြတယ်။
Director ရဲ့ အားပေးစကားကို...ခေါင်းညှိတ်ပြုံးပြရင်း.....နားတဲ့နေရာက ခုံလေးတွေဆီ လျောက်လာလိုက်တယ်။
" ရှောင်းလောင်ရှီးက...တော်တော်ဖျားနေတာလား..ရိပေါ်"
လော့ယွယ်ကျဲက...ဆံပင်အပြင်ခံနေရင်းက လှမ်းမေးတာမို့....
" ထင်တာပဲ...။ ဆရာဝန်ကတော့.....ခဏ နားခိုင်းထားတယ်"
ခပ်အေးအေးပဲပြောကာ....လော့ယွယ်ကျဲဘေးက ခုံမှာ ဝင်ထိုင်လိုက်တယ်။
" လော့လောကောကို မေးပြီးပြီ...။ နှစ်ရက်လုံးဆေးခန်းသွားပေမဲ့....ခုထိမသက်သာဘူးဆိုလို့..။ အစားလည်း မစားဘူးတဲ့...။ အဲ့ဒါ ညနေကျရင်....မုန့်လာပို့ပေးရင်း...ခဏလာမလို့ ရိပေါ်ကို မေးကြည့်တာ"
လော့ယွယ်ကျဲစကားကြောင့်...ရိပေါ်ရဲ့ မျက်ခုံးတစ်ဖက်က နည်းနည်း မြင့်တတ်သွားတယ်။
" ကျဲ သဘောလေ...။ သူ့ဆီသွားတာ...ကျနော့်ကို မပြောလည်း ရတာပဲကို.."
" သူက ရိပေါ် မန်နေဂျာဆိုတော့...ရိပေါ် မကြိုက်မှာ စိုးလို့ပါ...။ မဟုတ်လည်း....တွေ့တိုင်း အမြဲကူညီနေတာဆိုတော့...သတင်းတော့ သွားမေးသင့်တယ် မဟုတ်လား..."