29

1.1K 45 8
                                    

"လုံးဝ ပြင်လို့မရတော့တာလား.."

YanYan ကသက်ပြင်းချရင်းခေါင်းညိတ်ပြတယ်...။

လူတွေကြားရင် ရယ်ကြအုံးမယ်...။ China ရဲ့ ရောင်းအားအကောင်းဆုံး brand ambassador အဖြစ် top one list မှာ ရပ်တည်နေတဲ့ ဝမ်ရိပေါ်က...အဲ့ဒီ့ earphones အဟောင်လေးကို ရေဝင်ပြီး သုံးမရ​ေတာ့တာတောင် လှည့်ပတ် ပြင်ခိုင်းနေလို့လေ...။

"မင်းဟာက တော်တော်ဟောင်းနေပြီပဲကို ဘာလို့ ပြန်ပြင်သုံးနေအုံးမှာလဲ...ရိပေါ်..။ စျေးလဲကြီးတာ မဟုတ်တာကို"

"အာ..မဟုတ်ဘူး မဟုတ်ဘူး...။ ဒါလေးက ကျန့်ကော ကျနော့်ဆီမှာ အလုပ်လုပ်တည်းက ပေးထားဖူးတာလေးမိုလို့..."

HangGe ရဲ့ အပြောကြောင့် ရိပေါ်က YanYan ပြန်ပေးလာတဲ့ ကြိုးတပ် earphones အမဲလေးကို မြှောက်ပြရင်း ပြာပြာသလဲ ငြင်းတယ်...။

"......"

ရှောင်းကျန့်နဲ့ ပတ်သတ်လာရင် အဲ့ဒီလို အစွဲလန်းကြီးနေတဲ့ ကောင်လေးကို ...HangGeက သက်ပြင်းချရင်းသာ ကြည့်နေရတယ်...။

နွေးထွေးကြင်နာမှုတွေနဲ့...လုံခြုံနေတဲ့အိမ်လေးထဲမှာဆိုရင်...ဘယ်လောက်တောင်များ...ယုယနေပါလိမ့်မလဲ...။

ပေးထားဖူးတဲ့ earphone လေးကိုတောင်..တယုတယ ြမတ်နိုးတွယ်တာနေပုံက...။

" Contract လုပ်လိုက်တဲ့ Income ကို အရင်လိုပဲ ရှောင်းကျန့် account ထဲ လွှဲထားတယ်နော်..ရိပေါ်.."

"အာ..."

HungGe ဆီက စကားကြားတာနဲ့ ရိပေါ်ရဲ့ မျက်နှာက အီလည်လည်ဖြစ်သွားတယ်...။

" အကုန်လုံးလား.."

"အင်းလေ...အမြဲတမ်းသူ့ဆီပဲ လွှဲနေကျကို.."

ရိပေါ် ဘာမှ..ထပ်ပြောမနေချင်တော့ဘူး..။

အရင်က ကောဆီကို ပိုက်ဆံအပ်ရတာ..ပျော်စရာကောင်းသလို....ဂုဏ်ယူရတာလည်း..တထီးတနန်းပါပဲ..။

ငါကွ..အိမ်ထောင်ဦးစီးဆိုတဲ့ အတွေးကြီးနဲ့ပေါ့..။

အခုတော့...အမောင်ရိပေါ် ဂုဏ်မယူနိုင်တော့ပါဘူး..။

အရင်လို ...အသစ်ထွက်သမျှ Lego တွေ.လည်း စိတ်ကြိုက် ဝယ်လို့မရသလို...ပစ္စည်းလေးတစ်ခုခု ဝယ်လိုက်လို့ စျေးများသွားရင်တောင်..ကောရဲ့ ပွစိပွစိစကားလုံးတွေအောက်က လွတ်တာမဟုတ်ဘူး..။

ချစ်ခြင်းငယ်ပြိုင်🔥Where stories live. Discover now